Sunday, August 16, 2015
ကွန်ပျူတာ ဘတ္ထရီနှင့် ဖုန်းဘတ္ထရီတွေ ဘာကြောင့် တာရှည်မခံရသလဲ?
မေး။ ဖြိုးရဲ : အစ်ကိုညီနေမင်း ကျွန်တော့် laptop က ၀ယ်ထားတာ မကြာသေးဘူး ဘတ္တ ရီက နာရီဝက်လောက်ပဲ ရတယ် . သူများတွေကျတော့ နှစ်နာရီ သုံးနာရီလောက် တောင် ရပါတယ် . ဘယ်လို လုပ်သင့်သလဲ အကြံဥာဏ်လေး ပေးပါဦး
ဖြေ။ ကျွန်တော် ၀ဘ်ဆိုက်နှင့် ပတ်သက်ပြီးတော့ မရေးဖြစ်ခဲ့တာ ကြာပါပြီ connection အခက်အခဲနှင့် ကျန်းမာရေး အတွက်နဲ့ မို့ပါ . အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်လိုက် ပါတယ် . အားလုံးပဲ လုပ်ငန်းကိုင်တာများ အဆင်ပြေ ချောမွှေ့
ကြ မယ်လို့ မျှော်လင့်ပါတယ် . အဆင်ပြေပါစေလို့လဲ ဆုတောင်းပေး လိုက်ပါတယ် . နောက်ပိုင်း နည်းပညာများကိုသာ အသားပေး ရေးသားတော့မှာ ဖြစ်ပါ တယ်။
ကိုဖြိုးရဲရေ ကျွန်တော်တို့အနေနဲ့ သိသင့်တဲ့ တစ်ချက်ကို လူတော်တော်များများ မသိတာလား . သိရဲ့သားနဲ့ အပျင်းကြီးတာလား တော့ မသိပါဘူး။ ဘတ္တရီအခြောက် မှန်သမျှ phone, ups, နှင့် laptop မှာပါတဲ့ ဘတ္တရီအားလုံးကို သုံးတော့မယ်ဆိုရင် မူလပထမ ၀ယ်စတုန်းက ပါတဲ့ ဘတ္တရီအားကို ကုန်အောင်သုံးလိုက်ပါ ကုန်တဲ့အချိန်
အ ထိ အားသွင်းကြိုးကိုမထိုးရပါဘူး .
အားကုန်ပြီဆိုတာနဲ့ စပြီးတော ဘတ္တရီကို 24 နာရီ ပြည့်တဲ့ အထိ အားသွင်းရမှာ ဖြစ်ပါတယ် . အားသွင်းနေစဉ် ကာလအတွင်း (charging)အားသွင်းထားတဲ့
ဘတ္တရီကို လုံးဝမသုံးရပါဘူး. 24 နာရီပြည့်ပြီးသွားတာနဲ့ စပြီးတော့ သုံးလို့ရပါပြီ . အဲ့လို နာရီအပြည့်သွင်းထားတဲ့ ဘတ္တရီနှင့် နာရီအပြည့်မသွင်းထားတဲ့ ဘတ္တရီကို ယှဉ်ပြီးသုံး ကြည့်လိုက်ပါ . 24 နာရီကြာအောင်အထိ အားသွင်းဖို့ စိတ်မရှည်ဘူး ဆိုရင်တောင် 14 နာရီကို အနည်းဆုံးထားပြီးတော့ (charging)အားသွင်းပေးရ
ပါတယ် . ဒါဟာ ဘတ္တရီတစ်လုံးအတွက် ပထမဆုံးသွင်းတဲ့ အားဟာ အရမ်းကို အရေးကြီးပါတယ် . အခုပြောတဲ့နည်းကို သုံးကြည့်လိုက်ပါ . အား လုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ေ မျှာ်လင့်ပါတယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment