Sunday, August 23, 2015

Understanding BIOS and CMOS

Bios and coms setup utility သည် ကွန်ပျူတာတိုင်းတွင် မရှိမဖြစ်လိုအပ်သော အရာတစ် ခုဖြစ်သည်..hardware နဲ့ operating system တို့ ချိတ်ဆက် လုပ် ဆောင်ကြသည့် အခါအရေးကြီး သောကြားခံmedia တစ်ခုဆိုရင်လည်းမမှားပေ..BIOS သည် basic input/output system ဖြစ်ပြီး instructions အစုအဝေး တစ်ခုဖြစ်သည် အဲဒီ instructions တွေကို power off သွားသည့်တိုင်မ ပျောက်ပျက်အောင်ထိမ်းသိမ်းပေးတဲ့ အရာကတော့ CMOS (Complementary Metal Oxide Semiconductor)ဖြစ်ပါတယ်..အောက်မှာပြထားတဲ့ ပုံက BIOS ရဲ့  feature တွေဖြစ်ပါတယ် အ ကြောင်းအရာအပြည့်အစုံတော့မဟုတ် ဘူး အရေး ကြီး တဲ့ အချက် တွေ ကိုသာဖော်ပြလိုက်ပါ တယ် ..ဒီ bios ထဲကို ၀င်ရောက်ဖို့ အတွက် စက်စဖွင့်လျင်ဖွင့်ချင်း ကီးဘုတ်မှ delete Key ကိုနိုပ်ထား ပေးရပါတယ် ..POST လုပ်ငန်းစဉ် ပြီးဆုံးတာနဲ့  အောက်က screen အပြာ ရောင်လေးတက် လာ ပါမယ်..ဖော်ပြထားတဲ့ feature တစ်ခုချင်းစီက ဘာလုပ်ငန်းတွေ ကိုလုပ်ဆောင်တယ်ဆိုတာ အောက် မှာလေ့လာနိုင်ပါတယ်။ - Standard CMOS Features Standard cmos features ထဲကို ၀င်မယ်ဆိုရင် သူ့ ကို enter နိုပ်ပြီးဝင်ရပါတယ်..သူ့ မှာ date time setting ပါဝင်တယ်..လက်ရှိကွန်ပျူတာကသုံးနေတဲ့  current date and time ကိုတိုက်ထားပေးဖို့  လိုပါတယ်..ဒါမှSystem ရဲ့  date and time ကအမြဲမှန်ကန်မှာဖြစ်ပါတယ်..အကယ်လို့ များdate time တွေမမှန်ဘူး ပြင်ချင်တယ်ဆိုရင် arrow keys (သို့ ) page up , page down key လေးနဲ့  ပြင်လို့ ရပါတယ်..နောက် ကိုယ့်ရဲ့ စက်မှာ hard disk က IDE drive တပ်ထားတယ်ဆိုရင် ဒီနေရာမှာမြင်ရမှာဖြစ်ပါတယ် သူ့ ရဲ့ specification ကိုကြည့်ချင်ရင် တပ်ထားတဲ့  hard disk ပေါ်မှာ press enter ကို နိုပ်ပြီးတော့ကြည့်လို့ ရပါတယ်..floppy ,CD ROM drive တပ်ထား တယ်ဆိုရင် လည်း ဒီနေရာမှာမြင်ရမှာဖြစ်ပါတယ်..(hard disk တစ်လုံးက မကောင်းတော့ဘူး Boot လည်းမ တက်တော့ဘူး ဘာမှကိုမပေါ်တော့တာ ဆိုရင် hard disk ကို bios က detect မိမမိ ဒီနေရာ လေးမှာလာ ပြီးစစ်လို့ ရပါတယ်)ပုံမှန်အတိုင်း ဆိုရင်တော့ hard disk ကို bios က auto detect သိပါတယ်..အဲလို auto detect သိတာကို plug and play bios လို့ ခေါ်ပါတယ်.. ပြုပြင်ပြောင်းလဲမှုကို Arrow key (သို့ ) page up , page down key လေးနဲ့ ပြင်နိုင်တယ်..Feature တစ်ခုနဲ့ တစ်ခု အ၀င်အထွက်ကို Esc ကီးနိုပ်ပြီးတော့ သုံးနိုင်တယ်..bios ရဲ့  အောက်ခြေနားမှာ လည်းအသုံးပြုပုံကိုရေးပြထားပါတယ်… - Advanced BIOS Features Advanced BIOS Features မှာ boot setting တွေပါဝင်ပါတယ် နောက်အခြား feature ဖြစ်တဲ့  level 1,level 2 cache တွေရဲ့ setting တွေပါဝင်တယ်.. အဓိကကတော့ user များအသုံးများတဲ့ boot setting တွေကိုအစဉ်လိုက်ကြေငြာထားတယ် အဲဒီကြေငြာထားတဲ့ အတိုင်း system ကအလုပ် လုပ်သွားမှာဖြစ် ပါတယ်..ဆိုပါစို့ ကျနော်တို့ က first boot device ကို CD ROM လို့ ပြောင်းထားမယ် ဆိုရင် computer စဖွင့်ဖွင့်ခြင်းမှာ post လုပ်ငန်းစဉ်ပြီးတာနဲ့  bios ကို စစ်ပါတယ်..အဲဒီမှာ ကျနော်တို့  က CD ROM လို့ ကြေငြာခဲ့ တဲ့ အတွက် စက်က ပထမဆုံးboot လုပ်မည့် CDROM drive မှာ information သွားစစ်ပါ တယ် ..installation လုပ်မည့်ခွေမထည့်ထားရင်သူက second boot ဖြစ်တဲ့  hard disk ကိုဖတ်မယ် ..တကယ်လို့  first boot ကော second boot ကောတပ်မ ထားဘူးဆိုရင်တော့ third boot ဖြစ်တဲ့  floppy ကိုဖတ်မှာဖြစ်ပါတယ်..(ဒါပေမဲ့ ဒီဘက်ခေတ်မှာ floppy ကမသုံးသလောက်ရှားသွားခဲ့ ပါပြီ) Windows installation လုပ်တဲ့ အခါမျိုးကျရင်ဒီနေရာ first boot device မှာ CD ROM ထားပေးရပါမယ်..ကျန်တဲ့ အချိန်မှာတော့ first boot ကို Hard disk ထားပေးရပါတယ်.. ပုံမှန်အတိုင်းဆိုရင် First boot device =Hard disk Second boot device=CD ROM Third boot device=Floppy - Advanced Chipset Features ဒီ features မှာ user အနေနဲ့  hardware တွေရဲ့ အလုပ်လုပ်ဆောင်ပုံနဲ့ ရင်းနှီးကျွမ်းဝင်သူ ဖြစ်မှသာ ပြုပြင်တာ အဆင်ပြေမှာဖြစ်တယ်..ကိုယ်က မသိပဲနဲ့ ပြင်လိုက်တဲ့ အခါ system unstable ဖြစ်သွားနိုင်ပါတယ်…ဒီ setting မှာ memory ရဲ့  timming တွေကိုပြုပြင်ပြောင်းလဲ လို့ ရပါတယ်.. - Inegrated Peripherals Hardware device တွေရဲ့  I/O(input/output)controller ဖြစ်တဲ့  IDE drive,serial port.,parallel port ,keyboard စတဲ့  device တွေ ကို Modify လုပ်ပေးနိုင်တယ်..များသောအားဖြင့်တော့ usb keybord ကိုပြောင်းလဲတပ်ဆင်တဲ့အခါမှာ ကီးဘုတ်က အလုပ်မလုပ်တာတို့ ဖြစ်ခဲ့မယ်ဆိုရင် ဒီနေရာလေးမှာ usb keyboard ကိုenable ပေးထားသလားဆိုတာ လာစစ်လို့ ရပါတယ်… - Power Management Setup Power management က power အမျိုးမျိုး တွေရဲ့ feature တွေကို control လုပ်ပေးတယ်မ လိုအပ်တဲ့ အချိန်မှာ power ကို reduce လုပ်ဖို့ အတွက် modify လုပ်နိုင်ပါတယ်..Display monitor , Hard drive, Shut down,Hibernate and stand by mode နဲ့ Low battery warnings တွေကို power management ကနေပြီးတော့ ဆောင်ရွက်ပေးပါတယ်.. - PnP/PCI Configurations PnP/PCI Configurations မှာ PCI slot တွေရဲ့  IRQ's တွေကို assign လုပ်ပေးနိုင်တယ်.. IRQ ဆိုတာinterest requestခေါ်ဆိုတာ ဖြစ်ပါတယ် သူ ကhardware device တွေရဲ့ level တွေကို IRQ number တွေနဲ့ ခွဲခြားပေးထားတာဖြစ်တယ်.. - PC Health Status PC Health Status မှာ cpu ရဲ့  temperature ,cpu ရဲ့ fan speed, voltages တွေကိုပြထားတယ်.. အဲမှာ temperature မြင့်လာတာနဲ့ အမျှ heat တက်လာမယ်..heat တက်လာတဲ့ အခါ cpu အ၇မ်းပူလာပြီးတော့လောင်သွားနိုင်တယ်..ခုနောက်ပိုင်းမှာတော့ သတ်မှတ်ထားတဲ့ cpu temperature ထက်ကျော်လာ၇င်တော့ cut off လုပ်လိုက်ပါတယ်.(သို့ ) Restart ကျသွားပါ တယ်..အစိမ်းရောင်နဲ့ မြင်တွေ့ နေရတဲ့  informations တွေက user အနေနဲ့ ပြောင်းလဲခွင့်မရှိပဲ ဖတ်ရှုလို့ ရရုံသက်သက် Information တွေဖြစ်တယ်..cpu warning message ပြစေချင်တယ်ဆို၇င် enable ပေးထားလို့ လည်းရပါတယ်… - Load Fail-Safe Defaults ကိုယ့်ရဲ့ စက်မှာ Bios ကပြုပြင်ပြောင်းလဲဖို့  (သို့ )system unstable ဖြစ်လာပြီဆိုရင် သူ့ နဂိုမူရင်း Ddfault setting ကို ပြောင်းလဲပေးနိုင်တယ်..Bios ထဲမှာ ကိုယ့်ရဲ့ ပြောင်းလည်းမှုတွေက အ၇မ်း များနေမယ်..ကိုယ့်ဘာသာကို ဘာပြောင်းလို့ ပြောင်းလိုက်မိမှန်း မသိတော့တဲ့ အခြေအနေမျိုး တစ်ခါ တခါကျတော့လဲBios ထဲမှာ ဘယ် setting မှားလို့ မှားနေမှန်းမသိတော့ဘူးဆိုရင် အကောင်းဆုံးက တော့ ဒီ Load Fail Safe Mode Defaults ကိုရွေးပေးလိုက်ပါ..ပြီးတာနဲ့  function key F10 ကိုနိုပ်လိုက်လို့ ရှိရင် အောက်ကပုံအတိုင်းပေါ်လာမယ်အဲကျရင် ကီးဘုတ်မှ Y ကိုနိုပ်ပေးလိုက်ပါ.. - Load Optimized Defaults သူကလည်း Load Fail-Safe Defaults နဲ့ တူတူပါပဲ..ဒါပေမဲ့ system ကို အကောင်းဆုံးနဲ့  အဆင်ပြေဆုံး setting တွေကို သူကပြင်ဆင်ပေးတယ် သူကိုလည်း save ပြီးထွက်မယ်ဆိုရင် F10 ကို နိုပ်ပြီး အောက်ကပုံပေါ်လာတာနဲ့  Y (yes) ပေးလိုက်ပါ.. - Set Supervisor Password / Set User Password Bios password လို့ လည်းခေါ်ကြပါတယ်..သူက system ကို တခြားသူတွေ ၀င်ရောက်ပြုပြင်ပြီး system unstable ဖြစ်မှာစိုးတဲ့အတွက် ဒီ Bios ကို password ခံထားလို့ ရပါတယ် …ကိုယ်က အကြောင်းအမျိုးမျိုးကြောင့်password မေ့ သွားခဲ့ရင်လည်း motherboard ပေါ်မှာ cmos jumper ကို reset လုပ်လိုက်တာနဲ့ အဆင်ပြေပါတယ်..ဒါမှမဟုတ်ရင်လည်း cmos battery ကိုစက္ကန့် 30 လောက်ဖြုတ်ထားပြီးပြန်တပ်လိုက်ရင်လည်း bios ထဲကိုပြန်ဝင်လို့ ရပါတယ်.. - Save and Exit Setup Bios ထဲမှာ ပြုပြင်ပြောင်းလဲထားသမျှကို အတည်ပြုသိမ်းဆည်း တော့မယ်ဆိုရင် ဒီ save and exit setup ကို enter ခေါက်လိုက်တာနဲ့  ပြောင်းလဲလိုက်တဲ့အတိုင်း သိမ်းမည်လား မသိမ်းဘူးလားလို့  မေးတဲ့ အခါ yes or no (Y/N)ရိုက်ပေးလိုက်ရုံပါပဲ… - Exit without Saving တကယ်လို့ မှ မိမိက ပြုပြင်ပြောင်းလဲထားတာတွေကို မသိမ်းချင်ဘူးဆိုရင်Exit without Saving နဲ့  ထွက်ပြီး သိမ်းမှာလားဆိုရင် No ပေါ့ ..” N ”ဟုရိုက်ပြီးထွက်ပါ..

No comments:

Post a Comment