Zaw Ye Thway (နည်းပညာမျှဝေခြင်း)
Wednesday, September 9, 2015
Monday, August 24, 2015
Android OS သမိုင်းကြောင်း
Android OS သမိုင်းအကြောင်း လေးကို သိချင်တဲ့ဖတ်သလောက်/မှတ်သလောက် Android OS Device များအသုံးပြုတဲ့သူတွေအတွက် Android OS သမိုင်းအကြောင်း လေးကို ပြန်တင်ပြပေးလိုက်ပါတယ်။Internet ကို သုံးသူတိုင်း Google ဆိုတာ နဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ Google ရဲ့ Search Engine ဆိုတာ ကျွန်တော်တို့ အားလုံး အတွက် မရှိမဖြစ် တဲ့ အရာတစ်ခု လို့တောင် ပြောလို့ ရပါတယ်။ ၉၉.၉၉% သော Internet သုံးတဲ့ မြန်မာတိုင်း အနည်းဆုံး Gmail Account တစ်ခုတော့ရှိပြီးသားဆိုတာ မငြင်းနိုင်ပါဘူး။ Google Chat, Google Earth, Google Map စတဲ့ အခြား အသုံးဝင်တဲ့ Software တွေဟာလည်း Google ကနေ ထုတ်လုပ်တဲ့ နံမည်ကြီး Software တွေဆိုလည်း မမှားပါဘူး။ အဲဒီလို ကျွန်တော်တို့ အတွက် အသုံးတည့်တဲ့ Software တွေကို ထုတ်လုပ်ပေးတဲ့ Google ဟာ၂၀၀၅ ခုနှစ် သြဂုတ်လ မှာ Android Inc ဆိုတဲ့ ကုမ္ပဏီ ငယ်လေး တစ်ခုကို ထပ်ဝယ်လိုက်ပါတယ်။ Android Inc. ဆိုတာ Palo Alto, California မှာ Andy Rubin, Rich Miner, Nick Sears နဲ့ Chris White စသူတို့က ၂၀၀၃ ခုနှစ် အောက်တိုဘာလ မှာ စတင်တည်ထောင်ခဲ့ပြီး သူတို့ရဲ့ ပထမ ဦးတည်ချက်က ပိုင်ရှင်ရဲ့ တည်နေရာနဲ့ ပိုင်ရှင်ကြိုက်နှစ်သက်ချက် တွေကို ပိုမိုနားလည်နိုင်စွမ်းရှိမဲ့ Mobile တစ်ခုကို ဖော်ထုတ်ဖို့ဖြစ်ပါတယ်။ Google ကနေ Android Inc. ကို စဝယ်စဉ်ကာလ မှာ Google ရဲ့ ဦးတည်ချက် က ဘာလဲဆို တာ ဘယ်သူမှ သေချာမသိကြပါဘူး ။၂၀၀၇ ခုနှစ် နိုဝင်ဘာလ မှာတော့ Google အပါအဝင် အခြား Hardware, Software နဲ့ ဆက်သွယ်ရေး နည်းပညာ ဆိုင်ရာ နယ်ပယ်မှ ကုမ္ပဏီပေါင်း ၃၄ခု စုပေါင်းဖွဲ့စည်းထားတဲ့ Open Handset Alliance ဆိုတဲ့ အဖွဲ့အစည်း တစ်ခုကို ဖွဲ့စည်းလိုက်ပြီး တစ်ချိန်ထဲမှာဘဲ Open Handset Alliance ကနေ Linux Kernel ၂.၆ မှာအခြေခံ တည်ဆောက်ထားတဲ့ Android Mobile Platform ကို ပထမဆုံး စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ Google ကနေ Android Code ကို Open Source (Under Apache License) အဖြစ် ဖြန့်ချီပြီး Google ဦးဆောင်တဲ့ AOSP (The Andriod Open Source Project) အဖွဲ့ကနေ Android ရဲ့ ရေရှည်တည်တံ့ခိုင်မြဲရေး နဲ့ ဆက်လက်ဖွံဖြိုးရေး အတွက် တာဝန်ယူ ဆောင်ရွက်လျှက် ရှိပါတယ်။Android ရဲ့ Beta Version ကို၂၀၀၇ ခုနှစ် နိုဝင်ဘာလ Open Handset Alliance စတင်ဖွဲ့စည်းချိန်မှာ စတင်မိတ်ဆက် ပေးခဲ့ပြီး၊သူ့ရဲ့ပထမဆုံး commercial version ဖြစ်တဲ့ Android 1.0 ကိုတော့ ၂၀၀၈ ခုနှစ် စက်တင်ဘာလမှာ ဖြန့်ချီပေးခဲ့တာပါ။Android 1.0 စတင်ဖြန့်ချီတဲ့ အချိန်ကစပြီး ၂၀၀၉ ခုနှစ် April လအထိ Android ကနေပြီး update တော်တော်များများ ဖြန့်ချီ ပေးခဲ့ပါသေးတယ်။ ၂၀၀၉ ခုနှစ် April ကနေမှ စပြီး Android ဟာသူ့ရဲ့ Development တွေကို codename အဖြစ် အချိုပွဲ (Dessert/Sweet) နံမည်တွေကို အင်္ဂလိပ် အက္ခရာစဉ်အတိုင်း စတင်အသုံးပြုလာတာ အခုချိန်ထိ ပါပဲ။လက်ရှိထွက်ရှိပြီးသား Android ရဲ့ အချိုပွဲတွေကတော့ Cupcake, Donut, Eclair, Froyo (FROzen YOugurt), Gingerbread, Honeycomb နဲ့ Ice Cream Sandwich တို့ပဲဖြစ်ပါတယ်။ ပထမပိုင်းမှာ Android ဟာ Astro, Bender စတာတွေကို သုံးဖို့ ရည်ရွယ်ခဲ့ပေမဲ့ Trademark ပြဿနာတွေကြောင့် အသုံးမပြူဖြစ်ခဲ့ပါဘူး။ အခုနောက်ဆုံး ထွက်ရှိထားတဲ့ Version ကတော့ Jelly Bean V 4.2.2 ဖြစ်ပါတယ်။အသေးစိတ်ကိုတော့ အောက်မှာ ဖော်ပြထားပါတယ်။
Android Beta (2007)
Android Beta – November 05, 2007
Android 1.0 (2008)
Android 1.0 – September 23, 2008
Android 1.1 (2009)
Android 1.1 – February 09, 2009
Cupcake 1.5 (2009)
Cupcake 1.5 – April 30, 2009
Donut 1.6 (2009)
Donut 1.6 – September 15, 2009
Eclair 2.0 – 2.1 (2009 – 2010)
Eclair 2.0 – October 26, 2009
Eclair 2.0.1 – December 03, 2009
Eclair 2.1 – January 12, 2010
Froyo 2.2 – 2.2.3 (2010 – 2011)
Froyo 2.2 – May 20, 2010
Froyo 2.2.1 – January 18, 2011
Froyo 2.2.2 – January 22, 2011
Froyo 2.2.3 – November 21, 2011
Gingerbread 2.3 – 2.3.7 (2010 – 2011)
Gingerbread 2.3 – December 06, 2010
Gingerbread 2.3.3 – February 09, 2011
Gingerbread 2.3.4 – April 28, 2011
Gingerbread 2.3.5 – July 25, 2011
Gingerbread 2.3.6 – September 02, 2011
Gingerbread 2.3.7 – September 21, 2011
Honeycomb 3.0 – 3.2.6 (2011 – 2012)
Honeycomb 3.0 – February 22, 2011
Honeycomb 3.1 – May 10, 2011
Honeycomb 3.2 – July 15, 2011
Honeycomb 3.2.2 – August 30, 2011
Honeycomb 3.2.1 – September 20, 2011
Honeycomb 3.2.4 – December 2011
Honeycomb 3.2.6 – February 2012
Ice Cream Sandwich 4.0.1 – 4.0.4 (2011 – 2012)
Ice Cream Sandwich 4.0.1 – October 19, 2011
Ice Cream Sandwich 4.0.2 – November 28, 2011
Ice Cream Sandwich 4.0.3 – December 16, 2011
Ice Cream Sandwich 4.0.4 – March 29, 2012
Jelly Bean 4.1 _ 4.2.2 (2012 _ 2013)
Android 4.1 Jelly Bean (API level 16)
Android 4.2 Jelly Bean (API level 17)
Jelly Bean 4.2 _ November 13, 2012
Jelly Bean 4.2 _ November 13, 2012
Jelly Bean 4.2.1 _ November 27, 2012
Jelly Bean 4.2.2 _ February 11, 2013
KitKat 4.4_ October 31, 2013
Sunday, August 23, 2015
Understanding BIOS and CMOS
Bios and coms setup utility သည် ကွန်ပျူတာတိုင်းတွင် မရှိမဖြစ်လိုအပ်သော အရာတစ် ခုဖြစ်သည်..hardware နဲ့ operating system တို့ ချိတ်ဆက် လုပ် ဆောင်ကြသည့် အခါအရေးကြီး သောကြားခံmedia တစ်ခုဆိုရင်လည်းမမှားပေ..BIOS သည် basic input/output system ဖြစ်ပြီး instructions အစုအဝေး တစ်ခုဖြစ်သည် အဲဒီ instructions တွေကို power off သွားသည့်တိုင်မ ပျောက်ပျက်အောင်ထိမ်းသိမ်းပေးတဲ့ အရာကတော့ CMOS (Complementary Metal Oxide Semiconductor)ဖြစ်ပါတယ်..အောက်မှာပြထားတဲ့ ပုံက BIOS ရဲ့  feature တွေဖြစ်ပါတယ် အ ကြောင်းအရာအပြည့်အစုံတော့မဟုတ် ဘူး အရေး ကြီး တဲ့ အချက် တွေ ကိုသာဖော်ပြလိုက်ပါ တယ် ..ဒီ bios ထဲကို ၀င်ရောက်ဖို့ အတွက် စက်စဖွင့်လျင်ဖွင့်ချင်း ကီးဘုတ်မှ delete Key ကိုနိုပ်ထား ပေးရပါတယ် ..POST လုပ်ငန်းစဉ် ပြီးဆုံးတာနဲ့  အောက်က screen အပြာ ရောင်လေးတက် လာ ပါမယ်..ဖော်ပြထားတဲ့ feature တစ်ခုချင်းစီက ဘာလုပ်ငန်းတွေ ကိုလုပ်ဆောင်တယ်ဆိုတာ အောက် မှာလေ့လာနိုင်ပါတယ်။
- Standard CMOS Features
- Advanced BIOS Features
Advanced BIOS Features မှာ boot setting တွေပါဝင်ပါတယ် နောက်အခြား feature ဖြစ်တဲ့  level 1,level 2 cache တွေရဲ့ setting တွေပါဝင်တယ်.. အဓိကကတော့ user များအသုံးများတဲ့ boot setting တွေကိုအစဉ်လိုက်ကြေငြာထားတယ် အဲဒီကြေငြာထားတဲ့ အတိုင်း system ကအလုပ် လုပ်သွားမှာဖြစ် ပါတယ်..ဆိုပါစို့ ကျနော်တို့ က first boot device ကို CD ROM လို့ ပြောင်းထားမယ် ဆိုရင် computer စဖွင့်ဖွင့်ခြင်းမှာ post လုပ်ငန်းစဉ်ပြီးတာနဲ့  bios ကို စစ်ပါတယ်..အဲဒီမှာ ကျနော်တို့  က CD ROM လို့ ကြေငြာခဲ့ တဲ့ အတွက် စက်က ပထမဆုံးboot လုပ်မည့် CDROM drive မှာ information သွားစစ်ပါ တယ် ..installation လုပ်မည့်ခွေမထည့်ထားရင်သူက second boot ဖြစ်တဲ့  hard disk ကိုဖတ်မယ် ..တကယ်လို့  first boot ကော second boot ကောတပ်မ ထားဘူးဆိုရင်တော့ third boot ဖြစ်တဲ့  floppy ကိုဖတ်မှာဖြစ်ပါတယ်..(ဒါပေမဲ့ ဒီဘက်ခေတ်မှာ floppy ကမသုံးသလောက်ရှားသွားခဲ့ ပါပြီ) Windows installation လုပ်တဲ့ အခါမျိုးကျရင်ဒီနေရာ first boot device မှာ CD ROM ထားပေးရပါမယ်..ကျန်တဲ့ အချိန်မှာတော့ first boot ကို Hard disk ထားပေးရပါတယ်..
ပုံမှန်အတိုင်းဆိုရင်
First boot device =Hard disk
Second boot device=CD ROM
Third boot device=Floppy
- Advanced Chipset Features
ဒီ features မှာ user အနေနဲ့  hardware တွေရဲ့ အလုပ်လုပ်ဆောင်ပုံနဲ့ ရင်းနှီးကျွမ်းဝင်သူ ဖြစ်မှသာ ပြုပြင်တာ အဆင်ပြေမှာဖြစ်တယ်..ကိုယ်က မသိပဲနဲ့ ပြင်လိုက်တဲ့ အခါ system unstable ဖြစ်သွားနိုင်ပါတယ်…ဒီ setting မှာ memory ရဲ့  timming တွေကိုပြုပြင်ပြောင်းလဲ လို့ ရပါတယ်..
- Inegrated Peripherals
Hardware device တွေရဲ့  I/O(input/output)controller ဖြစ်တဲ့  IDE drive,serial port.,parallel port ,keyboard စတဲ့  device တွေ ကို Modify လုပ်ပေးနိုင်တယ်..များသောအားဖြင့်တော့ usb keybord ကိုပြောင်းလဲတပ်ဆင်တဲ့အခါမှာ ကီးဘုတ်က အလုပ်မလုပ်တာတို့ ဖြစ်ခဲ့မယ်ဆိုရင် ဒီနေရာလေးမှာ usb keyboard ကိုenable ပေးထားသလားဆိုတာ လာစစ်လို့ ရပါတယ်…
- Power Management Setup
Power management က power အမျိုးမျိုး တွေရဲ့ feature တွေကို control လုပ်ပေးတယ်မ လိုအပ်တဲ့ အချိန်မှာ power ကို reduce လုပ်ဖို့ အတွက် modify လုပ်နိုင်ပါတယ်..Display monitor , Hard drive, Shut down,Hibernate and stand by mode နဲ့ Low battery warnings တွေကို power management ကနေပြီးတော့ ဆောင်ရွက်ပေးပါတယ်..
- PnP/PCI Configurations
PnP/PCI Configurations မှာ PCI slot တွေရဲ့  IRQ's တွေကို assign လုပ်ပေးနိုင်တယ်.. IRQ ဆိုတာinterest requestခေါ်ဆိုတာ ဖြစ်ပါတယ် သူ ကhardware device တွေရဲ့ level တွေကို IRQ number တွေနဲ့ ခွဲခြားပေးထားတာဖြစ်တယ်..
- PC Health Status
PC Health Status မှာ cpu ရဲ့  temperature ,cpu ရဲ့ fan speed, voltages တွေကိုပြထားတယ်.. အဲမှာ temperature မြင့်လာတာနဲ့ အမျှ heat တက်လာမယ်..heat တက်လာတဲ့ အခါ cpu အ၇မ်းပူလာပြီးတော့လောင်သွားနိုင်တယ်..ခုနောက်ပိုင်းမှာတော့ သတ်မှတ်ထားတဲ့ cpu temperature ထက်ကျော်လာ၇င်တော့ cut off လုပ်လိုက်ပါတယ်.(သို့ ) Restart ကျသွားပါ တယ်..အစိမ်းရောင်နဲ့ မြင်တွေ့ နေရတဲ့  informations တွေက user အနေနဲ့ ပြောင်းလဲခွင့်မရှိပဲ ဖတ်ရှုလို့ ရရုံသက်သက် Information တွေဖြစ်တယ်..cpu warning message ပြစေချင်တယ်ဆို၇င် enable ပေးထားလို့ လည်းရပါတယ်…
- Load Fail-Safe Defaults
ကိုယ့်ရဲ့ စက်မှာ Bios ကပြုပြင်ပြောင်းလဲဖို့  (သို့ )system unstable ဖြစ်လာပြီဆိုရင် သူ့ နဂိုမူရင်း Ddfault setting ကို ပြောင်းလဲပေးနိုင်တယ်..Bios ထဲမှာ ကိုယ့်ရဲ့ ပြောင်းလည်းမှုတွေက အ၇မ်း များနေမယ်..ကိုယ့်ဘာသာကို ဘာပြောင်းလို့ ပြောင်းလိုက်မိမှန်း မသိတော့တဲ့ အခြေအနေမျိုး တစ်ခါ တခါကျတော့လဲBios ထဲမှာ ဘယ် setting မှားလို့ မှားနေမှန်းမသိတော့ဘူးဆိုရင် အကောင်းဆုံးက တော့ ဒီ Load Fail Safe Mode Defaults ကိုရွေးပေးလိုက်ပါ..ပြီးတာနဲ့  function key F10 ကိုနိုပ်လိုက်လို့ ရှိရင် အောက်ကပုံအတိုင်းပေါ်လာမယ်အဲကျရင် ကီးဘုတ်မှ Y ကိုနိုပ်ပေးလိုက်ပါ..
- Load Optimized Defaults
သူကလည်း Load Fail-Safe Defaults နဲ့ တူတူပါပဲ..ဒါပေမဲ့ system ကို အကောင်းဆုံးနဲ့  အဆင်ပြေဆုံး setting တွေကို သူကပြင်ဆင်ပေးတယ် သူကိုလည်း save ပြီးထွက်မယ်ဆိုရင် F10 ကို နိုပ်ပြီး အောက်ကပုံပေါ်လာတာနဲ့  Y (yes) ပေးလိုက်ပါ..
- Set Supervisor Password / Set User Password
Bios password လို့ လည်းခေါ်ကြပါတယ်..သူက system ကို တခြားသူတွေ ၀င်ရောက်ပြုပြင်ပြီး system unstable ဖြစ်မှာစိုးတဲ့အတွက် ဒီ Bios ကို password ခံထားလို့ ရပါတယ် …ကိုယ်က အကြောင်းအမျိုးမျိုးကြောင့်password မေ့ သွားခဲ့ရင်လည်း motherboard ပေါ်မှာ cmos jumper ကို reset လုပ်လိုက်တာနဲ့ အဆင်ပြေပါတယ်..ဒါမှမဟုတ်ရင်လည်း cmos battery ကိုစက္ကန့် 30 လောက်ဖြုတ်ထားပြီးပြန်တပ်လိုက်ရင်လည်း bios ထဲကိုပြန်ဝင်လို့ ရပါတယ်..
- Save and Exit Setup
Bios ထဲမှာ ပြုပြင်ပြောင်းလဲထားသမျှကို အတည်ပြုသိမ်းဆည်း တော့မယ်ဆိုရင် ဒီ save and exit setup ကို enter ခေါက်လိုက်တာနဲ့  ပြောင်းလဲလိုက်တဲ့အတိုင်း သိမ်းမည်လား မသိမ်းဘူးလားလို့  မေးတဲ့ အခါ yes or no (Y/N)ရိုက်ပေးလိုက်ရုံပါပဲ…
- Exit without Saving
တကယ်လို့ မှ မိမိက ပြုပြင်ပြောင်းလဲထားတာတွေကို မသိမ်းချင်ဘူးဆိုရင်Exit without Saving နဲ့  ထွက်ပြီး သိမ်းမှာလားဆိုရင် No ပေါ့ ..” N ”ဟုရိုက်ပြီးထွက်ပါ..
File Format အမျိုးအစားများ
ကွန်ပြူတာတွေမှာ ပရိုဂရမ်တစ်ခုခုကို ဖွင့်ဖို့အတွက် Application Layer မှာ Format တစ်ခုခုကို သုံးရပါတယ်။ Format အလိုက် ပါဝင်တဲ့ ဂုဏ်သတ္တိချင်း လည်း မတူပါဘူး ။ Format ခွဲရတဲ့ရည်ရွယ်ချက်ကလည်းမတူကွဲပြားတဲ့ သတင်းအချက် အလက် တွေကို အလွယ်ကူဆုံးနည်းလမ်းနဲ့ ကြည့်ရှုလို့ ရနိုင် ဖို့ ဖြစ်ပါတယ်။ ဥပမာ Text file တွေက Doc file တွေလောက် UI မစုံပါဘူး။ ဥပမာ Graphic /Color ပါဝင်တဲ့ အချက်အလက်တွေ ထည့်သွင်းလို့ မရတာ မျိုး ဖြစ်ပါတယ်။ text လို့ခေါ်တဲ့ စာတွေချည်း သီးသန့် သိမ်းဆည်း တာပါ။ ဒီလိုပါပဲ သူ့အမျိုးအစားအလိုက် ကွဲပြားပါတယ်။ အလွယ်ဆုံးဆုံး ဖွင့်လို့ ရအောင်၊ ပို့လို့ရအောင်၊ အသေးငယ်ဆုံးဖြစ်အောင်၊ ကြီးမားအောင် အစရှိ သဖြင့် ရည်ရွယ်ချက်ပေါင်းများစွာနဲ့ Format မျိုးစုံ ပြုလုပ်ကြပါတယ်။ဒီတော့ လူသုံးများတဲ့ File format အမျိုးအစားပေါင်း မြောက်များစွာကို တစ်စုတစ်စည်းတည်း ရှာဖွေ မျှဝေ ပေးလိုက်ရပါတယ်။
1. TEXT FILES FORMATS:-
.txt Plain Text File
.doc Microsoft Word Document
.docx Microsoft Word Open XML Document
.msg Outlook Mail Message
.wps Microsoft Word Processor Document
.tex LaTex Source Document
.rtf Rich Text File
.log Log File
.pages Pages Document
.odt Open Document Text Document
.wpd Word Perfect Document
2. AUDIO FILES FORMAT:-
.wma Windows Media Audio File
.wav WAVE Audio File
.mid MIDI File
.mp3 MP3 Audio File
.mpa MPEG-2 Audio File
.m4a MPEG-4 Audio File
.m3u Media Playlist File
.iff Interchange File Format
.aif Audio Interchange File Format
.ra Real Audio File
3. VIDEO FILES FORMAT:-
.3gp 3GPP Multimedia File
.3g2 3GPP2 Multimedia File
.wmv Windows Media Video File
.swf Shockwave Flash Movie
.srt SubRip Subtitle File
.rm Real Media File
.mov Apple QuickTime Movie
.mp4 MPEG-4 Video File
.mpg MPEG Video File
.flv Flash Video File
.avi Audio Video Interleave File
.asf Advanced System File
.asx Microsoft ASF Redirector File
.vob DVD Video Object File
4. IMAGE FILES FORMAT:-
.bmp Bitmap File
.dds DirectDraw Surface
.dng Digital negative Image File
.gif Graphical Interchange File Format
.jpg JPEG Image
.png Portable Network Graphic
.psd Adobe Photoshop Document
.pspimage PaintShop Pro Image
.tga Targa Graphics
.thm Thumbnail Image File
.tif Tagged Image File
.yuv YUV Encoded Image File
5. 3-D IMAGE FILES FORMAT:-
.3dm Rhino 3D Model
.3ds 3D Studio Scene
.max 3ds Max Scene File
.obj WaveFront 3D Object File
6. EXECUTABLE FILES FORMAT:-
.apk Android Package File
.app Mac OS X Application
.bat DOS Batch File
.cgi Common Gateway Interface Script
.com DOS Command File
.exe Windows Executable File
.gadget Window Gadget
.jar Java Archive File
.pif Program Information File
.vb VBScript File
.wsf Windows Script File
7. WEB FILE FORMAT:-
.asp Active Server Pages
.aspx Active Server Pages Extended
.cer Internet security File
.cfm ColdFusion Markup File
.csr Certificate Signing Request File
.css Cascading Style Sheet
.html HyperText Markup Language
.js JavaScript File
.jsp Java Server Pages
.php PHP source Code File
.rss Rich Site Summary
.xhtml Extended HyperText Markup Language
8. COMPRESSED FILE FORMAT:-
.7z 7-zip Compressed File
.cbr Comic Book RAR Archive
.deb Debian Software Package
.gz Gnu Zipped Archive
.pkg Mac OS X Installer Package
.rar WinRAR Compressed Archive
.rpm Red Hat Package Manager File
.sit Stufflt Archive
.sitx Stufflt X Archieve
.tar.gz Compressed Tarball File
.zip Zipped File
.zipx Extended Zipped File
Sunday, August 16, 2015
Laptooop သုံးစွဲသူများ သတိပြုရန် အချက်များ
၁။ မျက်နှာပြင်ညီညာသည့် နေရာတွင် Laptop computer ကို တင်ပါ။
ကွန်ပျူတာထဲတွင် လည်ပတ်နေသည့် Hard disk ရှိပါသည်။ တစ်ခါတစ်ရံ အနည်းငယ်လှုပ် ခြင်း သည် ပြဿနာ မရှိနိုင်သော်...လည်း အမြဲတစေ လှုပ်ခါနေခြင်းကို Hard disk က မကြိုက်ပါ။ မျက်နှာပြင် မညီသည့် နေရာတွင်တင်ပါက ကွန်ပျူတာသုံးနေစဉ် တစ်လျှောက်လုံး လှုပ်နေပါမည်။ Hard disk အသက်တိုနိုင်ပါသည်။ ကွန်ပျူတာ သုံး ခါနီးတိုင်း ခြေထောက် လေးချောင်းလုံး အထိုင် ညီမညီ စစ်ပါ။ ကွန်ပျူတာ သုံးစွဲနေစဉ် မကြာခဏ မပြီး ရွှေ့ခြင်းကို ရှောင်ပါ။
၂။ ကွန်ပျူတာကို လေရအောင်လုပ်ပါ။
Laptop computerတို့သည် အလွန်ကျဉ်းမြောင်းသော အကန့်ထဲတွင် အတွင်းကလီစာ ပေါင်းစုံကို ကွက်တိ နေရာချရသည် ဖြစ်ရာ အပူချိန် တက်လွယ်ပါသည်။ အပူချိန် ကြောင့် အများဆုံး ထိခိုက်မည်မှာ processor နှင့် Harddrive ဖြစ်ပါသည်။ ထို့ကြောင့် Laptop computer သုံးလျှင် အောက်ခံပန်ကာ တပ်ပြီး သုံးပါ။ ကွန်ပျူတာ အောက် ဘက် မျက်နှာပြင်တွင် ဖောက်ထားသော လေပေါက်များ ပိတ်စေမည့် အပြုအမူကို ရှောင်ပါ။ ထိုအပေါက်များတွင် ဖုန်နှင့် အမှိုက်သရိုက်များ မပိတ်အောင် ဂရုစိုက်ပါ။
၃။သံလိုက်စက်ကွင်းရှိနိုင်သည့် နေရာများတွင် ကွန်ပျူတာကို မထားပါနှင့်၊ မသုံးပါနှင့်။ သံလိုက်စက် ကွင်းသည် Laptop computer ၏ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင် ပါ သည်။ ထို့ကြောင့် ရေခဲ သေတ္တာ၊ ရုပ်မြင် သံကြားစက်၊ အင်ဗာတာ၊ ယူပီအက်စ်တို့နှင့် အနားကပ်ပြီး ကွန်ပျူတာ မသုံးသင့်ပါ။
၎။ ကွန်ပျူတာကို နေရောင်ခြည်တိုက်ရိုက် မထိပါစေနှင့်။
Laptop Computer သည် ပြင်ပတွင် သယ်ဆောင်အသုံးပြုရန် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ သို့သော် နေရောင်အောက်တွင် သုံးစွဲရန် ပြုလုပ်ထားခြင်း မဟုတ်ပါ။ နေရောင်က စက်၏ အပူချိန်ကို မြင့်တက်စေနိုင်ပါသည်။ နေရောင်ခြည်တွင် ပါလာ သော ခရမ်းလွန်ရောင်ခြည် တို့ကလည်း ရေရှည် တွင် စက်ကို ထိခိုက်စေနိုင်ပါသည်။
၅။ အလေးချိန်ရှိသော ပစ္စည်းတစ်ခုခုကို ကွန်ပျူတာပေါ်တင်မထားပါနှင့်။
Laptop computer အတော်များများသည် 25Kg ခန့် ဖိအားဒဏ်ကို ခံနိုင်အောင် တည်ဆောက်ထား သည်ဟု ဆိုပါသည်။ ပုံမှန် အရွယ်အစား ရှိသော လူကြီးတစ် ယောက် လက်ဖြင့် ဖိမိသည့် အနေအ ထားမျိုး ဖြစ်ပါသည်။ သို့သော် ခဏတဖြုတ် ဖိမိခြင်း ကိုသာ ခံနိုင်ပါလိမ့်မည်။ ထို့အတူ ကွန်ပျူတာ သုံးနေစဉ် ယင်းအပေါ်သို့ ပစ္စည်း တစ်ခုခု ပြုတ်ကျနိုင်ခြေ ရှိမရှိ သတိထားပါ။ စားပွဲပေါ် ခုန်တက်သည့် ကြောင်များ ကို လည်း သတိထားပါ။
၆။ အပူအအေးပြင်းထန်သည့်နေရာ၊ စိုထိုင်းသည့် နေရာများတွင် ကွန်ပျူတာအသုံး ပြုခြင်းကို ရှောင်ပါ။
Laptop computer အား ရာသီဥတု ပူလွန်းသည့် အချိန်၊ ရေခဲမတတ်အေးသည့် အချိန်များတွင် အိမ်၏ အပြင်ဘက်သို့ ယူဆောင် အသုံးပြုခြင်းကို ရှောင်ပါ။ ကွန်ပျူတာ ၏ ပုံမှန် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေပါသည်။ ထို့အတူ မိုးရွာနေသော အချိန်တွင် မိုးပက်နိုင်သော နေရာ၌ ကွန်ပျူတာကို အသုံးမပြုပါနှင့်။ မီးဖိုဆောင်ထဲတွင် ကွန်ပျူတာ သုံးနိုင်သော်လည်း ထမင်းဟင်း ချက်ပြုတ်ထားသဖြင့် အငွေ့တလူလူ ထွက်နေသော နေရာအနီးတွင် ကွန်ပျူတာ အသုံးပြုခြင်းကို ရှောင်ပါ။
၇။ ကွန်ပျူတာပြကွက် (display) ကို ရေဖြင့်လည်းကောင်း၊ အခြားအရည်ဖြင့် လည်း ကောင်း မသုတ် ပါနှင့်။
Laptop computer ၏ မျက်နှာပြင် သန့်ရှင်းရေး လုပ်ရန်အတွက် LCD Cleaner ဟုခေါ်သော အရည်ဘူးများ တရုတ်ပြည်မှ ဝင်ပါသည်။ တချို့သော Cleaner set တွင် Spary ဘူးများပင် ပါရှိပါသည်။ ကွန်ပျူတာ၏ မျက်နှာပြင်တို့ကို sparay ဖြင့် တိုက်ရိုက် ပက်ဖျန်း၍ မရပါ။ အစမဖွာသော အ၀တ်စ (ဖြစ်နိုင်လျှင် မျက်မှန်သုတ်သော အဝတ် စမျိုး)ပေါ်သို့ ဆေးကြောအရည်ကို ဖျန်းပြီးမှ ကွန်ပျူတာ၏ ပြကွက် မျက်နှာပြင်ကို ညင် သာစွာ ပွတ်တိုက် သန့်ရှင်းရန် ဖြစ်ပါသည်။ သို့သော် အဆိုပါ မျက်နှာပြင်သည် ရေကို သော် လည်းကောင်း၊ တခြားအရည် တစ်ခုခုကိုလည်းကောင်း စိုရွှဲ သည်အထိ တင်ခြင်း ကို မခံနိုင်ပါ။
၈။ ကြာရှည် အသုံးမပြုလျှင် Laptop computer မှ ဘက်ထရီကို ဖြုတ်ထားပါ။
အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးစွဲနေစဉ်တွင် အားမပြည့်သေးသော ဘက်ထရီကို ကွန်ပျူတာ တွင် တပ်ဆင်ထားပါက ဘက်ထရီ အသက်တို စေပါသည်။ ထို့အပြင် ကွန်ပျူတာ ပိတ်ထားစဉ်တွင်လည်း ဘက်ထရီ တပ်ထားပါက အတွင်းဓာတ်စီး ပတ်လမ်း ဖြစ်ပေါ် နေသောကြောင့် ဓာတ်အားဆုံးရှုံးမှု ရှိနေမည် ဖြစ်ပါသည်။ ထို့ကြောင့် ဘက်ထရီ အသုံးပြုရန် မလိုအပ်ချိန်တွင် ဖြုတ်ထားပါ။ မဖြုတ်မီတွင် အားအပြည့်ရှိအောင် သွင်း ထားပါ။ အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးနေချိန်တွင် Desktop computer များသုံးနေသလို Laptop computer ကို လည်း UPS ခံပြီး အသုံးပြုသင့်ပါတယ်။
၉။ ကွန်ပျူတာကို အထိအခိုက် မခံရအောင် အကာအကွယ်ပြုပါ။
Laptop computer များသည် စက် ပိတ်ထားစဉ်တွင် အမြင့်(၂ .၅) ပေခန့်မှ လွတ် ကျသည့်တိုင် အ တွင်း အစိတ်အပိုင်းများ အလွယ်တကူ မပျက်စီးနိုင်အောင် ပြုလုပ် ထားပါသည်။ သို့သော် လွတ် မကျ လျှင်သာ၍ ကောင်းပါသည်။ ထို့ကြောင့် ကွန်ပျူတာ သုံးပြီးချိန်တွင် အပွန်းအပဲ့ မရှိစေရန် အိတ်ပျော့ (sleeve) ထဲသို့ သွင်းပါ။
ကွန်ပျူတာ၏ Bit and Byte အကြောင်း
Bit
Bit ဆိုသည်မှာ ကွန်ပျူတာ၏ အသေးဆုံးပမာဏ (သို့ မဟုတ်) electronic informati on storage ၏ အသေးဆုံးသော ပမာဏတစ်ခုဖြစ်ပါတယ်။ ၄င်းကတော့ information တွေကို စက်နားလည်အောင် 0 (false) (သို့မဟုတ်) 1(true) ကို ထုတ်ပေးပါတယ်။ (မီးခလုတ် ချိန်းသကဲ့သို့ လုပ်ပေးပါတယ်) 8bits=1byteပါ။
Byte
Byte ဆိုတာ တိုင်းတာတဲ့ unit တခု ဖြစ်တယ်။ 1 byte မှာ 8 bit ရှိပါတယ်။ ကွန်ပျူ တာရဲ့ memory ကို ပြောတဲ့အခါ (သို့မဟုတ်) electronic information (data) တွေ ကို ပြောတဲ့ အခါမှာ အသုံးပြုပါတယ်။ byte ကို အများဆုံး english အက္ခရာ အကြီးစာ လုံး B နဲ့ ဖော်ပြပါတယ်။ တခါတရံ မှာတော့ အသေးစာလုံး b ကို အသုံးပြုပါတယ်။
Byte ရဲ့ အကြီးဆုံး unit အတွက် name တွေကတော့………
Kilobyte သူ့ကိုတော့ ကွန်ပျူတာရဲ့ memory (သို့မဟုတ်) hard drives တွေအ ကြောင်းကို ပြောတဲ့အခါမှာ အသုံးပြုပါတယ်။ ပထမဆုံး 1kilobyte မှာ 1024 bytes ရှိပါတယ်။ တချို့ သူတွေကတော့ kilobyte တခုမှာ 1000bytes ရှိတယ်လို့ ပြောပြီး အ မှန်တကယ် 1024 bytes ရှိတာက kibibyte လို့ ပြောပါတယ်။
Kibibyte
သူကတော့ information ၏ unit (သို့မဟုတ်) computer storage တခု ဖြစ်ပါတယ်။ kibibyte တခုမှာ 1024 bytes ပါ။ 1024 kibibytes ကတော့ mebibyte တခု ပဲဖြစ်ပါ တယ်။
Megabyte
သူ့ကိုတော့ အားလုံးသိကြတဲ့ အတိုင်းပဲ ကွန်ပျူတာရဲ့ memory (သို့မဟုတ်) hard
ves တွေအကြောင်း ပြောတဲ့အခါမှာ အသုံးပြု ပါတယ်။ 1 megabyte မှာ 1 million bytes ရှိပါတယ်။ 1998 ခုနှစ်မတိုင်မှီ International Electrotechnical Com missi ons (IEC) က ပထမဆုံး mebibyte တခုဟာ 2^20 (သို့ မဟုတ်) 1,048,576 bytes ဟူ ၍ လည်းကောင်း megabytes ကို 1,048,576 bytes (သို့ မဟုတ်) 1,024 kiloby tes (သို့မဟုတ်)1024^2 bytes ဟူ၍ သတ်မှတ်ခဲ့ပါတယ်။ ကွန်ပျူတာ သုံးသူ အကြမ်း ဖျင်းကတော့ megabyte ကို (IEC) က ထုတ်တဲ့ ဒီ number တွေထဲက တခုကို သတ် မှတ် အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။
Mebibyte
သူကတော့တိုင်းတာတဲ့ unit တခုဖြစ်ပါတယ်။၎င်းက 1024*1024 bytes ကို ကိုယ် စားပြုပါတယ်။ mebibyte တခု ဟာ information ရဲ့ unit တခု (သို့မဟုတ်) ကွန်ပျူ တာ ရဲ့ storage တခုဖြစ်ပါတယ်။ အတို ချူံးကတော့ MiB လို့ ခေါ်ပါတယ်။ 1MiB=2^ 20 bytes=1,048,576 bytes=1,024 kibibytes ဖြစ်ပါတယ်။ Mebibyte ဟာ megabyte နဲ့ နီးစပ်ပါတယ်။ ၄င်းဟာ mebibyte အတွက်ညီမျှ ချက်တခုဖြစ်နိုင်ပါတယ် (သို့မဟုတ်) 10^6 bytes=1,000,000 bytes။ ဒီ unit ကိုလည်း (IEC) ကပဲ သတ် မှတ်ခဲ့ တာပါ။
1 mebibyte =1024(2^10)kilobytes 1gigabytes=1024 mebibytes Gigabyte (GB or gig) သူ ကတော့ ကွန်ပျူတာများနှင့် electronic devices တွေမှာ တိုင်းတာ ခြင်း unit တခုဖြစ်ပါတယ်။ 1 gigbyte = 1 billion bytes ဖြစ်ပါတယ်။Modern com puter တခု၏ Random access memory(RAM) မှာ 1,073,741,824(2^30)bytes ကို အသုံးပြုပါတယ်။ တချို့ သူတွေကတော့ Gigabyte ကို 1,073,741,824 bytes အ စား1billionbytes ကိုသုံးသင့်တယ်လို့ ပြောကြပါတယ်။
Terabyte
သူ ကတော့ ကွန်ပျူတာများနှင့် electronic devices တွေမှာ တိုင်းတာခြင်း unit တခု ဖြစ်ပါတယ်။ 1terabyte =1000 gigabytes(GB)(သို့ မဟုတ်) trillion (1,000, 000, 000,000)bytes အချို့ သောသူများကတော့ 1 terabyte =1,099,511,627,776 လို့  ပြောကြပါတယ်။ ကြီးမားတဲ့ အဖွဲ့ အစည်းတွေမှာ data တွေကိုသိမ်းဖို့ အတွက် teraby tes ရှိတဲ့ hard drives တွေကို အသုံးပြုကြပါတယ်။ (ဥပမာအားဖြင့် Microsoft organi zation တွေ server တွေကိုထိန်းချုပ်တဲ့ organization တွေမှာ သုံးကြပါတယ်…. ကျန်တဲ့ကြီးမားတဲ့ organization တွေမှာ လည်းသုံးကြပါတယ်)
လုပ်ငန်းသေးသေးလေးတွေမှာတော့ terabyte ကို မသုံးကြပါဘူး။ အများဆုံးသုံး တာ ကတော့ gigabytes,megabytes နှင့် kilobytes တို့ ကိုသုံးကြပါ တယ်။ နောင်လာ မယ့်အနာဂတ်မှာ အိမ်တွေမှာပါ terabytes တွေကို သုံးစွဲလာကြမယ်လို့ ပြောပါတယ်။ 2008 ခုနှစ်မှာ Apple company က iMac computer ကို 1TB hard drives နဲ့ ထုတ် လုပ်ခဲ့ပါတယ်။
Tebibyte
သူ ကတော့ ကွန်ပျူတာများနှင့် electronic devices တွေမှာ တိုင်းတာခြင်း unit တခု ဖြစ်ပါတယ်။ 1 teribytes =1024 gibibytes (GiB) (သို့မဟုတ်) 1,099, 511, 627, 776 bytes.1024 teribytes သည် 1exbibyte ကို ပြုလုပ်ပါတယ်။ 1024 teri bytes =1exbibyte.
Petabyte
သူ ကတော့ ကွန်ပျူတာများနှင့် electronic devices တွေမှာ တိုင်းတာခြင်း unit တခု ဖြစ်ပါတယ်။ 1 Petabytes =1000 terabytes(GB) (သို့မဟုတ်) 1,000,000, 000, 000,000(a thousand trillion). ကြီးမားသောအဖွဲ့ အစည်းများတွင် petabytes ကို adatastorage ရန်အတွက် အသုံးပြုပါတယ်။
Pebibyte
အနာဂတ် ကွန်ပျူတာတွေအတွက် ကြီးမားတဲ့ unit တွေကို တိုင်းတာ ရန်အတွက် အ သုံးပြုပါတယ်။ 1Pebibytes =1024 tebibytes (TiB) (သို့ မဟုတ်) 1,125, 899, 906, 842,624bytes.
Exabyte
အနာဂတ် ကွန်ပျူတာတွေအတွက် ကြီးမားတဲ့ unit တွေကိုတိုင်းတာ ရန်အတွက် အ သုံးပြုပါတယ်။ 1 Exabyte=1000petabytes(PB)(သို့ မဟုတ်)1,000, 000,000, 000,000,000bytesဖြစ်ပါတယ်။
Exbibyte
သူ့ ကိုလဲ အနာဂတ်ကွန်ပျူတာတွေအတွက် ကြီးမားတဲ့ unit တွေကို တိုင်းတာရန် အ တွက်အသုံးပြု ပါတယ်။ 1 Exbibytes=1024 pebibytes (PiB) (သို့မဟုတ်) 1,152, 921,504,606,846,976 bytes. 1024 exbibytes =1zebibyte Zettabyte(ZB)
သူ့ ကိုလဲ အနာဂတ်ကွန်ပျူတာတွေအတွက် ကြီးမားတဲ့ unit တွေကို တိုင်းတာရန် အ တွက်အသုံးပြုပါတယ်။
1 zettabyte=1000 exabytes (EB) (သို့ မဟုတ်) 1,000,000, 000,000, 000, 000, 000 (a billion trillion) bytes.2008 ခုနှစ်ထိ zettabyte date တခု ကို သိမ်းဆည်းဖို့  ကြီးမားတဲ့ ကွန်ပျူတာ မရှိသေးပါဘူး။
Yottabyte(YB)
သူ့ကိုလဲ အနာဂတ်ကွန်ပျူတာတွေအတွက် ကြီးမားတဲ့ unit တွေကို တိုင်းတာရန်အ တွက် အသုံးပြုပါတယ်။ 1yottabytes =1000 zettabytes(ZB) (သို့မဟုတ်) 1,000, 000,000,000,000,000,000,000 (a trillion trillion)ဖြစ်ပါတယ်။ 2008ခုနှစ်ထိ yott abyte date တခု ကို သိမ်းဆည်းဖို့ ကြီးမားတဲ့ကွန်ပျူတာ မရှိသေးပါဘူး။
ကွန်ပျူတာ ဘတ္ထရီနှင့် ဖုန်းဘတ္ထရီတွေ ဘာကြောင့် တာရှည်မခံရသလဲ?
မေး။ ဖြိုးရဲ : အစ်ကိုညီနေမင်း ကျွန်တော့် laptop က ၀ယ်ထားတာ မကြာသေးဘူး ဘတ္တ ရီက နာရီဝက်လောက်ပဲ ရတယ် . သူများတွေကျတော့ နှစ်နာရီ သုံးနာရီလောက် တောင် ရပါတယ် . ဘယ်လို လုပ်သင့်သလဲ အကြံဥာဏ်လေး ပေးပါဦး
ဖြေ။ ကျွန်တော် ၀ဘ်ဆိုက်နှင့် ပတ်သက်ပြီးတော့ မရေးဖြစ်ခဲ့တာ ကြာပါပြီ connection အခက်အခဲနှင့် ကျန်းမာရေး အတွက်နဲ့ မို့ပါ . အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်လိုက် ပါတယ် . အားလုံးပဲ လုပ်ငန်းကိုင်တာများ အဆင်ပြေ ချောမွှေ့
ကြ မယ်လို့ မျှော်လင့်ပါတယ် . အဆင်ပြေပါစေလို့လဲ ဆုတောင်းပေး လိုက်ပါတယ် . နောက်ပိုင်း နည်းပညာများကိုသာ အသားပေး ရေးသားတော့မှာ ဖြစ်ပါ တယ်။
ကိုဖြိုးရဲရေ ကျွန်တော်တို့အနေနဲ့ သိသင့်တဲ့ တစ်ချက်ကို လူတော်တော်များများ မသိတာလား . သိရဲ့သားနဲ့ အပျင်းကြီးတာလား တော့ မသိပါဘူး။ ဘတ္တရီအခြောက် မှန်သမျှ phone, ups, နှင့် laptop မှာပါတဲ့ ဘတ္တရီအားလုံးကို သုံးတော့မယ်ဆိုရင် မူလပထမ ၀ယ်စတုန်းက ပါတဲ့ ဘတ္တရီအားကို ကုန်အောင်သုံးလိုက်ပါ ကုန်တဲ့အချိန်
အ ထိ အားသွင်းကြိုးကိုမထိုးရပါဘူး .
အားကုန်ပြီဆိုတာနဲ့ စပြီးတော ဘတ္တရီကို 24 နာရီ ပြည့်တဲ့ အထိ အားသွင်းရမှာ ဖြစ်ပါတယ် . အားသွင်းနေစဉ် ကာလအတွင်း (charging)အားသွင်းထားတဲ့
ဘတ္တရီကို လုံးဝမသုံးရပါဘူး. 24 နာရီပြည့်ပြီးသွားတာနဲ့ စပြီးတော့ သုံးလို့ရပါပြီ . အဲ့လို နာရီအပြည့်သွင်းထားတဲ့ ဘတ္တရီနှင့် နာရီအပြည့်မသွင်းထားတဲ့ ဘတ္တရီကို ယှဉ်ပြီးသုံး ကြည့်လိုက်ပါ . 24 နာရီကြာအောင်အထိ အားသွင်းဖို့ စိတ်မရှည်ဘူး ဆိုရင်တောင် 14 နာရီကို အနည်းဆုံးထားပြီးတော့ (charging)အားသွင်းပေးရ
ပါတယ် . ဒါဟာ ဘတ္တရီတစ်လုံးအတွက် ပထမဆုံးသွင်းတဲ့ အားဟာ အရမ်းကို အရေးကြီးပါတယ် . အခုပြောတဲ့နည်းကို သုံးကြည့်လိုက်ပါ . အား လုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ေ မျှာ်လင့်ပါတယ်
Subscribe to:
Posts (Atom)