Sunday, August 16, 2015
သင့်ကွန်ပျူတာ ဘာကြောင့် ဖွင့်မရတော့တာလဲ
၁။ လက်ပ်တော့ရဲ့ ပါဝါကြိုးကို မတပ်ရသေးဘူးဆိုရင် တပ်ထားလိုက်ပါ။
၂။ ပါဝါကြိုးတပ်လိုက်သည်နှင့် လက်ပ်တော့ စတင်အလုပ်လုပ်ပါက လက်ပတော့ ၏ ဘက်ထရီး လွတ်နေသော ကြောင့် သို့မဟုတ် ဘက်ထရီ အားမရှိခြင်းကြောင့်ဖြစ်နိုင်သည်။ ဘက်ထရီကို အားဖြည့်နေကြောင်းသေ ချာပါစေ။ ဘက်ထရီ အားပြည့်သည့်အခါ ပါဝါကြိုးဖြုတ်၍ သုံးကြည့်ပါ။ ထိုအချိန်အထိ လက်ပ်တော့ အလုပ်မလုပ်သေးပါက ဘက်ထရီချိန်ဆက်ထားသည့် နေရာတွင် သို့မဟုတ် ဘက်ထရီတွင် ပြဿနာ ရှိနေပြီးဖြစ်သည်။
၃။ ပါဝါကြိုးတပ်ထားသော်လည်း လက်ပတော့ ဖွင့်၍ မရပါက မည့်သည်နေရာတွင် ပြဿနာရှိနေသည်ကို စစ်ဆေးကြည့်ရမည်။ ၀င်းဒိုးစ်သည် boot တက်လာပြီး မှ ရပ်သွားပါက ဆော့ဖ်ဝဲ ပြဿနာကြောင့်ဖြစ်နိုင်သည်။
၎။ ကွန်ပျူတာ ဖွင့်လိုက်သည့်အချိန်တွင် တတီတီ မြည်သံများ ကြားရပြီး Start up လုပ်နေစဉ် ရပ်သွားပါက ကွန်ပျူတာ၏ ဟာဒ်စ်တွင် ပြဿနာရှိနေပြီးဖြစ်သည်။
၅။ လက်ပ်တော့တွင် Start up လုံးဝ တက်မလာတော့ပါက ပါဝါခလုတ်မှစ၍ Memory? ဟာ့ဒ်ဒစ်အထိ တစ်နေရာရာတွင် ပြဿနာရှိနေခြင်းကြောင့် ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် သင့်လက်ပ်တော့ကို ကွန်ပျူ တာပြင်ဆိုင်သို့ ပို့၍ စစ်ဆေးပါ။
၆။ အကယ်၍ blue Screen of death မြင်ကွင်းမျိုးပေါ်လာပါက ဟာ့ဒ်ဝဲ သို့မဟုတ် ဆော့ဖ်ဝဲတစ်ခုခု အလုပ်မလုပ်တော့၍ ဖြစ်သည်။ သင့်လက်ပ်တော့နှင့် ချိန်ဆက်ထားသည့် ပြင်ပပစ္စည်း အားလုံးဖြုတ်ပြီး၊ လက်ပ်တော့ကို ပြန်ဖွင့်ပါ။ Start up တက်သည့်အချိန်တွင် F8 ကို နှိပ်ခြင်းဖြင့် Safe Mode အနေအထားဖြင့် အသုံးပြုပါ။
၇။ အကယ်၍ Safe Mode ဖြင့် သုံးသည့်အချိန်တွင် ၀င်းဒိုးတက်လာပါက Start > Control Panel မှ တစ်ဆင့် သင်မသိသည့် ဆော့ဖ်ဝဲများကို ရွေးပြီး Uninstall လုပ်၍ ပြန်ဖြုတ်လိုက်ပါ။ အများအားဖြင့် သင့်ကွန်ပျူတာတွင် နောက်ဆုံး ထည့်သွင်းလိုက်သည့် သို့မဟုတ် နောက်ဆုံး အသုံးပြုလိုက်သည့် ပရိုဂရမ် ကို ဖြုတ်လိုက်ပါ။ ပြီးလျှင် ကွန်ပျူတာကို Restart ပြန်လုပ်ပါ။
၈။ မည်သည့်နည်းလမ်းဖြင့်မျှ ဖြေရှင်း၍ မရတော့လျှင် ကွန်ပျူတာ ပြင်ဆိုင်သို့သာ ပို့ရမည်ဖြစ်သည်။
Subscribe to:
Post Comments (Atom)
ZOBM File (.zobm)ဖိုင်တွေဖြစ်ပြီးပုံနဲ့ဗွီဒီယိုတွေဖွင့်မရတော့လို့အကူအညီလေးပေးစေချင်ပါတယ်
ReplyDelete