Sunday, August 16, 2015
IT Professionals ( အိုင်တီ ပညာရှင်များ အကြောင်း )
၂၀၁၅ ခုနှစ်နောက်ပိုင်း နိုင်ငံတကာ Company တွေ ရင်းနှီးမြှုပ်နှံလာမယ့် အချိန်
ကိုတွက်ဆရင်း နိုင်ငံရပ်ခြားက Company ကြီးတွေမှာ ခွဲခြားသတ်မှတ်ထားတဲ့
IT နဲ့ ပတ်သက်တဲ့ ကျွမ်းကျင်ပညာရှင်များ အကြောင်းကို ပြန်လည်ဝေမျှခြင်း
ဖြစ်ပါတယ်။အခြေခံ အားဖြင့် Company အကြီးအသေးအလိုက် ခန့်အပ်ထားတဲ့
IT ပညာရှင် အရေအတွက် ကွာခြားနိုင်ပေမယ့် Manufacturing Company တွေ
လို ၀န်ထမ်း ထောင်နဲ့ချီတဲ့ Company အကြီးကြီး တွေမှာ တော့ သက်ဆိုင်ရာ Departments တွေ အလိုက် ၀န်ထမ်းရာထူးတွေ အဆင့်ဆင့် ခွဲထားတာ တွေ့ 
ရတတ်ပါတယ်။
အဲဒီ Company တွေ ရဲ့ ရည်ရွယ်ချက်ကတော့
- Company ရဲ့ ထုတ်ကုန်ပိုင်းဆိုင်ရာ အာမခံချက် အပြည့်အ၀ ပေးနိုင်ခြင်း ၊
- ဈေးကွက် ထိုးဖောက်မှု ပိုမိုကောင်းမွန်ခြင်း ၊
- သတင်း အချက်အလက်ဆိုင်ရာ လုံခြုံမှု ရှိခြင်း ၊
- Customers များ ရဲ့ စိတ်ကျေနပ်မှု ၊
- Company ရဲ့ စီမံခန့်ခွဲမှု ဆိုင်ရာ စနစ်ကျမှုရှိခြင်း
စတဲ့ အားသာချက်တွေ အပြည့်အ၀ ရရှိစေဖို့ရာ ဖြစ်ပါတယ်။
သက်ဆိုင်ရာ ရာထူး အဆင့်ဆင့်ကို ဆက်လက်လေ့လာကြည့်ပါမယ်။
1. Hardware Specialists
>>>> Hardware Engineer
>>>> PC Support Specialist
>>>> Technical Support
>>>> Help Desk Technician
>>>> System Administrator
2. Software Specialists
>>>> Software Engineer
>>>> System Analyst
3. Programming Specialists
>>>> Programmer
>>>> Analyst Programmer
4. Networking Specialists
>>>> Network Engineers
>>>> Information Systems Managers
>>>> IT Managers
>>>> Internet Engineers
5. Database Specialists
>>>> Database Administrator
>>>> Database Analyst
6. Web Specialists
>>>> Multimedia Developer
>>>> Webmaster / Web developer / Web Architect
7. Technical Writers
စသည်ဖြင့် သတ်မှတ်ထားပါတယ်။
သတ်မှတ်ထားတဲ့ Role များ အလိုက်လဲ တာဝန်ယူရတဲ့ အပိုင်းတွေ မတူညီတာ
တွေ့ရပါတယ်။
1. Hardware Specialists ( Hardware ကျွမ်းကျင်ပညာရှင် )
Hardware Engineer
Apple, IBM, Hewlett-Packard နှင့် တခြား manufacturing companies တွေ
မှာ ခန့်အပ်လေ့ ရှိတယ်။
Hardware engineers တွေဟာ Communications Devices တွေ၊ တခြားသော Hardware ပိုင်းဆိုင်ရာ ထုတ်ကုန်တွေအတွက် တပ်ဆင် ချိတ်ဆက်ဖို့ တာဝန်ကို
ထမ်းဆောင်ရတယ်။
PC Support Specialist
PC specialists တွေဟာ Software install လုပ်တာမျိုး , PC Maintenance
အပိုင်းနဲ့ Troubleshooting လုပ်တဲ့ အပိုင်းတွေ အတွက် တာဝန်ပေးအပ်ထား
သူတွေ ဖြစ်တယ်။
Technical Support and Help Desk Technician
သူတို့တွေကို Company သေးတွေမှာ သိပ်မတွေ့ရပဲ Company အကြီးတွေမှာကျ
မှ ခန့်ထားတာ တွေ့ရတတ်တယ်။ Company အသေးတွေမှာတော့ သူတိုကို PC specialist အဖြစ်ပဲ မြင်ရလေ့ ရှိတယ်။ Users တွေရဲ့ Computer တစ်ခုခုဖြစ်တဲ့
အခါ သူတို့ဆီကို ဖုန်းနဲ့ သော်လည်းကောင်း ၊ SSR ( System Service Request )
ပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်မေးမြန်းရတယ်။
System Administrator
Office computer infrastructure တစ်ခုလုံးအတွက် ခန့်အပ်ထားသူ ဖြစ်တယ်။
PC specialists တွေရဲ့ အထက်မှာ အလုပ်လုပ်ရသူတွေ ဖြစ်ပြီး သူတို့ရဲ့ အောက်
မှာ အနည်းဆုံး PC specialists Team တစ်ခု ရှိတယ်။
2. Software Specialists
Software Engineer
Company ရဲ့ လိုအပ်တဲ့ Software တွေ ကို အဓိက ဒီဇိုင်းဆွဲပြီး Software တစ်ခု
လုံး ပြီးဆုံးသည် အထိ အဓိက တာဝန်ယူရသူတွေ ဖြစ်တယ်။
Project Leader တစ်ယောက် ရဲ့ Role ကို အဓိက ထားလုပ်ဆောင်ရပြီး သူ့ရဲ့
လက်အောက်မှာ အနည်းဆုံး SA ( System Analyst ) တစ်ယောက် , Developer Team တစ်ခုကို ထားပေးလေ့ရှိတယ်။
Research ပိုင်းဆိုင်ရာမှာ အားကောင်းတဲ့သူတွေ ၊ Project တွေ အချိန်မှီ ပြီးစီးအောင် စီမံခန့်ခွဲနိုင်သူတွေ ဖြစ်တယ်။
System Analyst
ရှိပြီးသား Software တွေ နဲ့ Hardware တွေရဲ့ လုပ်ဆောင်ချက်တွေ ကောင်းမွန်မှု
ရှိမရှိ၊ အသစ်ထပ်ဖြည့်မယ် System Enhancement အပိုင်းတွေ အပြင် System
ကို သုံးနေတဲ့ Customer တွေရဲ့ Customer Support အပိုင်းအတွက်ပါ တာဝန်
ယူရသူတွေ ဖြစ်တယ်။Software Programmer ထက် ရာထူးအားဖြင့် တစ်ဆင့်
မြင့်သူတွေဖြစ်တယ်။
3. Programming Specialists
- Programmer and Programmer Analyst
Programmer တွေကိုတော့ Team တစ်ခု အနေနဲ့ ဖွဲ့ ထားလေ့ရှိပြီး သက်ဆိုင်ရာ
အပိုင်းအလိုက် Software တွေကို ရေးသားကြသူတွေ ဖြစ်တယ်။ Analyst Programmer တွေကတော့ Programmer တွေ ရေးမယ့် Code တွေ အတွက် Testing ပိုင်းတွေ၊ Detail Design တွေကို စဉ်းစားပေးဖို့ရာ ခန့်အပ်ထားတာ ဖြစ်
တယ်။
4. Networking Specialists
Network Administrator
အခေါ်အဝေါ် အများဆုံးကွဲပြားတဲ့ ရာထူးတစ်ခုဖြစ်တယ်။ Company တွေမှာ အများဆုံးခေါ်ဝေါ်အသုံးပြုတဲ့ နာမည်တွေက
- Network Engineers
- Information Systems Managers
- IT Managers
- Internet Engineers
စသည်ဖြင့် ခေါ်ဝေါ်တတ်ကြတယ်။
Network ပိုင်းဆိုင်ရာတွေ ဖြစ်တဲ့ LANs တွေ WANs တွေရဲ့ ချိတ်ဆက်မှု ၊
Network နဲ့ ပတ်သက်တဲ့ Security ပိုင်းဆိုင်ရာ လုံခြုံမှု တွေ အတွက် အဓိက
တာဝန်ယူရသူတွေဖြစ်ပြီး ရုံးတွင်း၊ ရုံးပြင် Network နဲ့ သက်ဆိုင်တဲ့ အခက်အ
ခဲတွေ အတွက် ကူညီဖြေရှင်းပေးရသူတွေ ဖြစ်တယ်။
သူတို့ရဲ့ တာဝန်ဟာ ကြီးလေး တဲ့ တာဝန်တစ်ခုဖြစ်ပြီးတော့ Servers တွေ ၊
Operating Systems တွေ ၊ Databases တွေ ရဲ့ Network ချိတ်ဆက်မှုတွေ
ရဲ့ မြန်ဆန်မှု ၊ နှေးကွေးမှု တွေ အတွက်ပါ တာဝန်ယူ စောင့်ကြည့်ပေးရတယ်။
Hackers တွေ ၊ spam robots ၊ Malware တွေရဲ့ နေ့စဉ် တိုက်ခိုက်မှုတွေ ရဲ့
ရန်က ကာကွယ်ပေးဖို့အတွက်လဲ သူတို့ရဲ့  တာဝန်ဖြစ်တယ်။
ဒါကြောင့်လဲ Company တွေ ရဲ့ Network လုံခြုံရေးဆိုင်ရာ အချက်အလက်တွေ
ချမှတ်တဲ့ အခါ သူတို့ရဲ့ အကြံဥာဏ်ကို အဓိကထား ဖေါ်ဆောင်ရလေ့ရှိတယ်။
5. Database Specialists
Database Administrator and Database Analyst
Database administrator (DBA) တစ်ယောက်ရဲ့ တာဝန်ကတော့ Company
တစ်ခုရဲ့ Databases တွေ နဲ့ ပတ်သက်တဲ့ installation, configuration,
upgrading, administration, monitoring, maintenance နဲ့ security ပိုင်းတွေ
ကို တာဝန်ယူရသူ တစ်ယောက် ဖြစ်ပါတယ်။
DBA အကြောင်း အသေးစိပ် သိလိုကhttp://en.wikipedia.org/wiki/Database_administrator မှာ ၀င်ရောက်လေ့
လာနိုင်ပါတယ်။
Database Analyst ရာထူးကတော့ Company တစ်ချို့ မှာသာ တွေ့ရတတ်တယ်။
သက်ဆိုင်ရာ Databases တွေအလိုက် ဖြစ်လာတဲ့ System issues တွေကို တာ
ဝန်ယူ ကိုင်တွယ် ဖြေရှင်းရတယ်။ Programming နဲ့ system architecture တွေ
အပေါ် အသေးစိပ် နားလည်ဖို့ လိုအပ်တယ်။
6. Web Specialists
Web Specialists အပိုင်းကတော့ အဓိကအားဖြင့် ၂ မျိုး ကွဲပြားသွားနိုင်တယ်။
Multimedia Developer နဲ့
Webmaster / Web developer / Web Architect
ဆိုပြီး နှစ်မျိုးကွဲသွားတယ်။
Multimedia developers
သူတို့တွေရဲ့ အဓိက တာဝန်က Online Advertising ပိုင်းကို အဓိက ထား လုပ်
ဆောင်ရတယ်။
Infographics တွေ ၊ videos နဲ့ sound bytes တွေနဲ့တကွ တခြားသော multim
edia လုပ်ငန်းတွေရဲ့ အပိုင်းကို အဓိကထား တာဝန်ယူကြရတယ်။
Company ရဲ့ Online Marketing ပိုင်းတွေကို လုပ်ဆောင်ရလေ့ရှိပြီး Online မှ
ဈေးကွက်ရှာဖွေခြင်း ၊ မိမိတို့ Product တွေ ကို သုံးစွဲသူများ အတွက် လိုအပ်တဲ့
ဝန်ဆောင်မှု ပေးခြင်း စသည်တို့ကို လုပ်ဆောင်ပေးရတယ်။
WebMaster
သူတို့တွေကိုတော့ တနည်းအားဖြင့် Web programmer, web architect, web developer, site author, website administrator, website coordinator စ
သည်ဖြင့် အမည်အမျိုးမျိုး တပ်ကာ ခေါ်လေ့ရှိတယ်။ သူတို့တွေဟာ Programming Languages တွေ အသုံးပြုပြီး Web Site တွေ ၊ Web Design မျိုးစုံကို ဖန်တီးကြ
သူတွေ ဖြစ်တယ်။
ဒါ့အပြင် Websites တွေရဲ့ Maintenance ပိုင်းဆိုင်ရာတွေ အတွက်လဲ တာဝန်
ယူကြရတယ်။
7. Technical Writers
Technical writers ဆိုသူတွေကတော့ users manuals တွေ product guides
တွေ training materials တွေ နဲ့ တခြားသော technical information တွေကို
ရေးသားရသူတွေဖြစ်တယ်။ သူတိုရဲ့ အဓိက တာဝန်ကတော့ End Users တွေ
အတွေနဲ့ အသုံးပြုမယ့် System တွေ အပေါ်မှာ သိရှိနားလည်ရ လွယ်ကူစေဖို့ရာ
အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြုစုပေးရသူတွေ ဖြစ်တယ်။
မြန်မာဘာသာဖြင့် အတတ်နိုင်ဆုံး ဆီလျော်အောင် ဘာသာပြန် ထားပါတယ်။
နည်းပညာ စကားရပ်များရဲ့ အနှစ်သာရ မပျောက်ပျက်စေရန်
မူရင်းကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါတယ်။
Ref : http://goo.gl/Drz5yh
Image Ref : http://goo.gl/95qyom
Admin : Stringlive
https://www.facebook.com/netprogwiki?ref=profile
Subscribe to:
Post Comments (Atom)
No comments:
Post a Comment