Sunday, August 16, 2015

အိုင်တီ အသက်မွေးဝမ်းကျောင်းမှုပညာများ အကြောင်းဖော်ပြပေးလိုက်ပါတယ်

လူအများစု အထင်မှားနေတာ တစ်ခုက အိုင်တီဆိုရင် Programming နဲ့ Networking တို့လောက်ပဲ သိထားကြတာ ဖြစ်ပါတယ်။ ဒီတော့ IT ရယ်လို့ခေါင်းစဉ် တပ်လိုက်ရင် ပါဝင်လာမယ့် အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို မျှဝေပေးလိုက် ရပါတယ်။ အဓိကအားဖြင့် ကဏ္ဍခွဲမယ်ဆိုရင် - 3D Animation or Graphic design - Customer service - Data Entry - Database - Electronics technician or engineer - Engineer - Freelancer - Hardware - Networking or System Administrator - Programmer or Software developer - Quality Assurance (QA), System analyst or Tester - Repair and fix - Sales - Marketing - Technical Support (Technician or Help Desk) - Technical Writing - Security expert - Webmaster or Web Designer - IT Business - 3D Animation and Graphic Design 3D Animation and Graphic Design ကတော့ ဘာမှ သိပ်ရှင်းပြစရာ မလိုလောက်အောင် အများစု သိရှိပြီးသား ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ သို့ပေမယ့် Graphic and 3D ဆိုရင် ကြော်ငြာလက်ကမ်းစာစောင်တို့ အတွက်၊ ပစ္စည်း ဒီဇိုင်း ပုံစံတို့လောက်ပဲ မထင်စေချင်ပါဘူး။ သူက ရုပ်ရှင်၊ ဗီဒီယို ဂိမ်း၊ ဆော့ဖ်ဝဲ ပရိုဂရမ်တို့အတွက်ပါ လိုအပ်တဲ့ ပုံ၊ 3D Animation များကိုလည်း ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ - Customer service အမျိုးအစား - ကုမ္မဏီတစ်ခုရဲ့ Customer service အနေနဲ့ လုပ်ကိုင်မယ် ဆိုရင် Customer တွေရဲ့ မေးမြန်းမှု၊ တောင်းဆိုမှုတွေကို ဖြေကြား ဆောင်ရွက်ပေးရတာလို့ အကြမ်းဖျဉ်း မှတ်ယူနိုင်ပါတယ်။ သူက ကုမ္ပဏီ အမျိုးအစား အပေါ်မှာလည်း မူတည်ပါသေးတယ်။ မေးမြန်းတဲ့ မေးခွန်းကလည်း ကုမ္ပဏီအကြောင်း အရာ၊ အော်ဒါ၊ အော်ဒါ အခြေအနေ၊ ပစ္စည်း သတင်းအချက်အလက် နဲ့ အသုံးပြုပုံ အပြင် အခြားသော အကြောင်းအရာများလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒီတော့ အွန်လိုင်း ဈေးရောင်း ဈေးဝယ် ကုမ္မဏီမှာ Customer service လုပ်တယ်ဆိုရင် အွန်လိုင်းက အကောင့် ဖွင့်မရတာတို့၊ အော်ဒါ မှာ နောက်ကျတာတို့ မေးမြန်းတဲ့အခါ ဖြေကြား၊ ဝန်ဆောင်မှု ပေးရမှာ ဖြစ်ပါတယ်။ လိုအပ်ချက် - ပြောဆိုဆက်ဆံရေးမှာ ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ကုမ္ပဏီနဲ့ ကုန်ပစ္စည်း အကြောင်းကို အကြမ်းဖျဉ်း နားလည်ထားဖို့ လိုအပ်ပါတယ်။ နည်းပညာ ကျတဲ့ အခက်အခဲတွေ ဖြေရှင်းဖို့ကျ Customer service က အင်ဂျင်နီယာ သို့မဟုတ် ကုန်ပစ္စည်း ထုတ်လုပ်သူ သို့မဟုတ် Technical Support ဘက်ကို လွဲပြောင်းပေးရတာမို့လို့ အသေးစိတ် သိနေဖို့ မလိုအပ်ပါဘူး။ လိုအပ်ချက် - ကွန်ပြူတာကို ကျွမ်းကျင်စွာ အသုံးပြုတတ်သူ ဖြစ်ရပါမယ်။ ကုမ္ပဏီရဲ့ System အားလုံးကို ခြုံငုံသိထားဖို့ လိုအပ်ပါတယ်။ ဒါမှလည်း အခက်အခဲ ကိစ္စအတွက် ဘယ်သူတွေ ဖြေရှင်းမယ် ဆိုတာကို တိုက်ရိုက် သတင်း ပို့ပေးနိုင်မှာ ဖြစ်ပါတယ်။ - Data Entry အမျိုးအစား - Data Entry အလုပ်ကို အတော်များများက အိုင်တီ အလုပ်လို့ မထင်ခဲ့ကြပါဘူး။ သို့ပေမယ့် ဒါဟာလည်း အိုင်တီ အလုပ်တစ်မျိုးပဲ ဖြစ်ပါတယ်။ သူက အပြင် Offline က စာတွေ၊ သတင်းအချက်အလက်တွေကို ကွန်ပြူတာထဲ ( Electronic format ) အဖြစ်ပြောင်းလဲပြီး ရိုက်ထည့် ပေးရခြင်း ဖြစ်ပါတယ်။ လိုအပ်ချက် - စာရိုက်နှုန်း မြန်ဖို့ လိုအပ်ပါတယ်။ အင်္ဂလိပ် အပြင် မြန်မာပြည်မှာဆိုရင် မြန်မာ font အစုံနဲ့ လိုအပ်ချက်အလျောက် အကျွမ်းတဝင် ရှိထားဖို့ လိုအပ်ပါတယ်။ Microsoft Office တို့လို Office Application များကို ကျွမ်းကျင်စွာ အသုံးပြုတတ်ဖို့ လိုအပ်ပါတယ်။ လိုအပ်ချက် - သူက ပညာအရည်အချင်း လိုအပ်ချက် သိပ်မများပါဘူး။ အဓိကကတော့ စာရိုက်တာ မြန်ဖို့ လိုအပ်ခြင်း ဖြစ်ပါတယ်။ - Database အမျိုးအစား - Database များ ဖန်တီးခြင်း၊ စမ်းသပ်ခြင်း၊ ထိန်းသိမ်းခြင်းတို့ကို ပြုလုပ်ရတဲ့ အလုပ် အမျိုးအစား ဖြစ်ပါတယ်။ လိုအပ်ချက် - Database နဲ့ ပက်သက်တဲ့ ဗဟုသုတ၊ ပညာတွေကို သိထားဖို့ လိုအပ်ပါတယ်။ Access, FoxPro, MySQL, MySQL, SQL နဲ့ Sybase တို့လို ဟာမျိုးတွေ ဖြစ်ပါတယ်။ သူက Programming နဲ့လည်း ဆက်စပ်နေတဲ့ အလုပ်ပါ။ - Electronic technician or Engineer အမျိုးအစား - ကွန်ပြူတာ စနစ်တို့ဆိုတာ အီလက်ထရောနစ် စနစ်အပေါ်မှာ အခြေခံထားခြင်း ဖြစ်ပါတယ်။ ဒီတော့ အီလက်ထရောနစ် ပစ္စည်းများ တပ်ဆင်ခြင်း၊ စမ်းသပ်ခြင်း၊ ပြုပြင်ခြင်း အလုပ် အမျိုးအစား ဖြစ်ပါတယ်။ လိုအပ်ချက် - အခြေခံနဲ့ အဆင့်မြင့် အီလက်ထရောနစ် ဗဟုသုတနဲ့ ပညာရပ်များကို သိရှိ တတ်မြောက်ထားရန် လိုအပ်ပါတယ်။ - အင်ဂျင်နီယာ အမျိုးအစား - အင်ဂျင်နီယာ ဆိုတာ အိုင်တီ လုပ်ငန်းမှာ အတော်လေး မြင့်တဲ့ ရာထူး အဆင့် တစ်ခု ဖြစ်ပါတယ်။ ဥပမာ - ဆော့ဖ်ဝဲ အင်ဂျင်နီယာ၊ ဟာ့ဒ်ဝဲ အင်ဂျင်နီယာ ဆိုရင် တပ်ဆင်ခြင်း၊ ပြုပြင်ခြင်း ဖြစ်တဲ့ Technician အဆင့်ကို ကျော်လွန်ပြီး ထုတ်လုပ်တဲ့ အဆင့်အထိကို ရှိပါတယ်။ လိုအပ်ချက် - မိမိ ရွေးချယ်တဲ့ အိုင်တီ အင်ဂျင်နီယာ အသက်မွေး ဝမ်းကျောင်း ပညာအလျောက် တက္ကသိုလ်တွေ၊ သင်တန်းတွေ တက်ထားဖို့ လိုအပ်ပါတယ်။ - Freelancer အမျိုးအစား - Freelancer ဆိုတာ တစ်ကမ္ဘာလုံးမှာ အလုပ်အကိုင် အများဆုံးဖြစ်တဲ့ အိုင်တီ အလုပ် အမျိုးအစားလည်း ဖြစ်ပါတယ်။ Freelance အောက်မှာပဲ အိုင်တီ အလုပ် အမျိုးအစား အားလုံးနီးပါး ပြန်အကျုံးဝင်သွားပါတယ်။ လိုအပ်ချက် - အခြေခံအားဖြင့် အင်တာနက်လိုင်း ကောင်းကောင်းနဲ့ ကွန်ပြူတာ တစ်လုံး ရှိဖို့ပါပဲ။ Mashable ဝဘ်ဆိုဒ် တည်ထောင်သူဆိုရင် ကွန်ပြူတာတစ်လုံး၊ အင်တာနက်လိုင်း တစ်ခုကြောင့် ဝဘ်ဆိုဒ်တစ်ခု လုပ်ဖြစ်ပြီး အောင်မြင်သွားခြင်း ဖြစ်ပါတယ်။ Blogger ဆိုရင် Freelancer ဖြစ်ပါတယ်။ Google Ads တို့ကို ထည့်သွင်းခြင်းဖြင့်လည်း ကြော်ငြာ ဝင်ငွေ ရပါတယ်။ အခြားသော ဝဘ်ဆိုဒ်များအတွက် ရေးသားပေးခြင်းလည်း ပါဝင်ပါတယ်။ ဒ့ါအပြင် ဝဘ်ဆိုဒ် ရေးဆွဲခြင်း၊ ပရောဂျက် တစ်ခုလုံးကို ကိုင်တွယ်ပေးတာကလည်း freelance ပဲ ဖြစ်ပါတယ်။ ဒီတော့ အမျိုးအစားအလိုက် Programming လည်း လိုကောင်းလိုပါလိမ့်မယ်။ - Hardware အမျိုးအစား - Hardware ဒီဇိုင်နာ၊ ဆားကဒ် ဒီဇိုင်း၊ embedded systems, firmware အစရှိသဖြင့် အလုပ်နဲ့ ပစ္စည်းမျိုးစုံ ရှိပါတယ်။ Hardware ပစ္စည်း တစ်စုံလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ဖန်တီးရခြင်းလည်း ဖြစ်နိုင်ပါတယ်။ လိုအပ်ချက် - သူက အီလက်ထရောနစ်၊ ဆားကစ်၊ firmware ဒီဇိုင်း ပညာရပ်များကို တတ်မြောက်ထားရန် လိုအပ်ပါတယ်။ ဒီတော့ အင်ဂျင်နီယာ Level နဲ့ သိပ်မကွာပါဘူး။ - Networking or System Administrator အမျိုးအစား - ကွန်ပြူတာတစ်လုံးနဲ့တစ်လုံး ဆက်သွယ်ဖို့အတွက်၊ ကမ္ဘာတစ်ဝန်းနဲ့ ဆက်သွယ်ဖို့အတွက်၊ အင်တာနက် ကွန်ရက်စနစ် ဖန်တီးမှု လုပ်ငန်းဟာ Networking ဖြစ်ပြီး ယင်းစနစ်ကို ဖန်တီး၊ ထိန်းချုပ်တဲ့ အလုပ်က System Administrator ဖြစ်ပါတယ်။ ဒါကတော့ မြန်မာပြည်မှာလည်း လူသိများတဲ့ အလုပ် အမျိုးအစား ဖြစ်ပါတယ်။ လိုအပ်ချက် - CCNA, MCSE အစရှိသဖြင့် စာမေးပွဲများကို ဖြေကြား အောင်မြင်ထားဖို့ လိုအပ်ပါတယ်။ တကယ်လည်း တတ်မြောက်ဖို့ လိုအပ်ပါတယ်။ - Programmer or Software Developer ဒီအလုပ်ကိုလည်း ပြောပြစရာ မလိုလောက်အောင် တော်တော်များများ သိကြမှာပါ။ Programming အလုပ်၊ Software developing အလုပ်အကိုင် အခွင့်အလမ်းများလည်း မြန်မာပြည်မှာ အင်မတန် များပြားပါတယ်။ - Quality Assurance (QA), System Analyst or Tester အမျိုးအစား - ကုမ္ပဏီထုတ် အိုင်တီ ထုတ်ကုန်တွေကို အရည်အသွေး စစ်ဆေးပေးခြင်း၊ စမ်းသပ်ခြင်း၊ အသေးစိတ် လေ့လာရတဲ့ အလုပ် ဖြစ်ပါတယ်။ ကုန်ပစ္စည်း အရည်အသွေးနဲ့ ပက်သက်ပြီး စစ်ဆေးရတဲ့ အလုပ် ဖြစ်ပါတယ်။ လိုအပ်ချက် - ကွန်ပြူတာ နဲ့ ပက်သက်လို့ အခြေခံ ဗဟုသုတ၊ ပညာအပြင်၊ ကိုယ် လုပ်ကိုင်ပေးနေရတဲ့ ပစ္စည်းနဲ့ ပက်သက်လို့လည်း သိထားဖို့ လိုအပ်ပါတယ်။ - Repair and Fix အမျိုးအစား - ကွန်ပြူတာ ဟာ့ဒ်ဝဲနဲ့ ပစ္စည်းများကို ပြင်ဆင်တဲ့ အလုပ် ဖြစ်ပါတယ်။ လိုအပ်ချက် - ကွန်ပြူတာ ဖြုတ်ခြင်း၊ တပ်ခြင်း၊ ပြင်ဆင်ခြင်းကို သေချာ တတ်မြောက်ထားဖို့ လိုအပ်ပါတယ်။ - Sale အမျိုးအစား - ကွန်ပြူတာ၊ အိုင်တီနဲ့ ဆက်စပ် ထုတ်ကုန်ပစ္စည်းများကို ရောင်းချခြင်း လုပ်ငန်း ဖြစ်ပါတယ်။ လိုအပ်ချက် - လူမှုဆက်ဆံရေး ပြေပြစ်ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ မိမိရောင်းချမယ့် ပစ္စည်းရဲ့ အကြောင်းကိုလည်း အကြမ်းဖျဉ်း သိထားဖို့ လိုအပ်ပါသေးတယ်။ ဝဘ်ဆိုဒ် ရေးဆွဲပေးတဲ့ ကုမ္ပဏီဆိုရင်လည်း ဝဘ်ဆိုဒ်တစ်ခု ရေးဆွဲပေးခြင်း ဝန်ဆောင်မှုနဲ့ ကုန်ကျစရိတ်များကို ဝယ်ယူသူ နားလည်လောက်တဲ့အထိ ရှင်းပြပေးဖို့ လိုအပ်ပါတယ်။ Sale အလုပ်က ဒီထက် ပိုကျယ်ပြန့်ပါတယ်။ ဥပမာ Facebook မှာ Sale Manager ရာထူးနဲ့ အလုပ်လုပ်ရသူ တစ်ဦးဟာ ဆိုရင် မာကဲတင်း၊ စီးပွားရေး၊ MBA အပြင် အခြားသော နည်းပညာဆိုင်ရာ အရည်အချင်းနဲ့ အတွေ့အကြုံ များစွာ လိုအပ်ပါတယ်။ - Marketing အမျိုးအစား - မိမိကုန်ပစ္စည်း အမျိုးအစားအတွက် ဈေးကွက် နယ်ပယ်ချဲ့ထွင်ခြင်း ဖြစ်ပါတယ်။ မာကဲတင်း အလုပ်က ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲ အတွက်ဆိုပြီးတော့ ကွဲပါသေးတယ်။ ပြီးတော့ Online နဲ့ Offline ဆိုပြီးတော့လဲ ကွဲပါသေးတယ်။ Online ဆိုရင် ဘယ်ဝဘ်ဆိုဒ်မှာ Banner ထည့်ရမယ်။ Search Engine မှာ ရှာလို့လွယ်အောင် ဘယ်လို Optimize လုပ်ရမယ်။ ဆိုဒ်အားလုံးနဲ့ ဘယ်လို Link ချိတ်ရမယ် အစရှိသဖြင့် ဗျူဟာ ဆွဲတတ်ဖို့ လိုအပ်ပါတယ်။ Offline ကတော့ အားလုံး သိထားတဲ့အတိုင်းပါပဲ။ ကြော်ငြာ ပိုစတာကစလို့၊ TVC ဖန်တီးတဲ့အထိ အလုပ်က အစားစား ရှိသွားနိုင်ပါတယ်။ လိုအပ်ချက် - မာကဲတင်းနဲ့ ဆိုင်တဲ့ ဘွဲ့တွေ၊ certificate တွေအပြင်၊ ကွန်ပြူတာနဲ့ ဆက်စပ်လို့ ဗဟုသုတ၊ ပညာများ ကြွယ်ဝ တတ်မြောက်ထားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် Search Engine Optimization ကိုသေချာ သိရှိတတ်မြောက်ထားဖို့ လိုအပ်ပါတယ်။ - Technicial Support ( Technician or Help Desk ) အမျိုးအစား - ကုမ္ပဏီတစ်ခု လုပ်ငန်းတစ်ခုမှာ ကွန်ပြူတာ၊ ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲနဲ့ ပက်သက်လို့ နည်းပညာဆိုင်ရာ အခက်အခဲ၊ ပြဿနာ ကြုံတွေ့တဲ့အခါ နည်းပညာကျကျ ဖြေရှင်းပေးရမယ့် ပုဂ္ဂိုလ် ဖြစ်ပါတယ်။ လိုအပ်ချက် - ကွန်ပြူတာ ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲ အကြောင်းများကို သိရှိနားလည်ပြီး ကိုယ်တာဝန် ယူပေးရမယ့် အပိုင်းမှာ ပိုပြီးတတ်ထားဖို့ လိုအပ်ပါတယ်။ ဥပမာ - ကိုယ်က Windows OS တင်ခြင်း၊ ချခြင်း နဲ့ အချက်အလက် အကူးအပြောင်း အတွက် တာဝန်ယူပေးရသူဆိုရင် ဝန်ထမ်းတစ်ဦးချင်းရဲ့ လိုအပ်ချက်အလျောက် အခက်အခဲ တွေ့တဲ့အခါ ကူညီ ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။ - Technical Writing အမျိုးအစား - ထုတ်ကုန်ပစ္စည်း အမျိုးအစားများရဲ့ အသုံးပြုပုံ လမ်းညွန်၊ အချက်အလက်များကို ရေးသားပေးရတဲ့ အလုပ် ဖြစ်ပါတယ်။ ဥပမာ - မိုဘိုင်းဖုန်း ထဲမှာပါတဲ့ အသုံးပြုပုံ လမ်းညွန်တို့၊ အချက်အလက်တို့ ဖြစ်ပါတယ်။ ဒါကလည်း နိုင်ငံတကာမှာ ဝင်ငွေကောင်းတဲ့ အလုပ် အမျိုးအစား ဖြစ်ပါတယ်။ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းအလျောက် ကြော်ငြာရန်အတွက်ကော၊ ကုန်ပစ္စည်းမှာ ထည့်သွင်းရန် အတွက်ရော အစရှိသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ရေးသားလို့ Online, Offline ဖြန့်ချီကြပါတယ်။ လိုအပ်ချက် - ကွန်ပြူတာ၊ အိုင်တီဆိုင်ရာ အခြေခံ ဗဟုသုတများ ကြွယ်ဝရန် လိုအပ်ပြီး စာရေးသားခြင်း အတတ်ပညာကို သေချာ တတ်မြောက်ထားဖို့ လိုအပ်ပါတယ်။ မြန်မာဘာသာ၊ အင်္ဂလိပ် ဘာသာ ၂ မျိုးစလုံး တတ်မြောက်ထားရင် အနာဂတ်မှာ အလုပ်အကိုင် အခွင့်အလမ်း ကောင်းများ ပိုမို ရရှိနိုင်ပါတယ်။ - Security Expert အမျိုးအစား - system, hardware ပစ္စည်း၊ software ပရိုဂရမ်များရဲ့ လုံခြုံးရေးအတွက် တာဝန်ရှိတဲ့ အလုပ်မျိုး ဖြစ်ပါတယ်။ လိုအပ်ချက် - အမျိုးအစားပေါ် မူတည်ပါတယ်။ ဆော့ဖ်ဝဲ လုံခြုံရေး အတွက်ဆိုရင် Programming တက်မြောက်ရုံမက၊ စနစ်တစ်ခုလုံး အလုပ်လုပ်ပုံ flow ကို သိရှိ၊ ကိုင်တွယ်တတ်ဖို့ လိုအပ်ပါတယ်။ Expert level ဖြစ်တဲ့အတွက် နိုင်ငံတကာမှာ လစာ အတော်လေးရတဲ့ အလုပ် အမျိုးအစားပါပဲ။ - Web Designer အမျိုးအစား - Web Page တွေကို ရေးဆွဲပေးရတဲ့ အလုပ် ဖြစ်ပါတယ်။ လိုအပ်ချက် - အခြေခံအားဖြင့် HTML, CSS နဲ့ Photoshop တို့ကို တတ်မြောက်ထားရန် လိုအပ်ပြီး လုပ်ငန်း လိုအပ်ချက်အရ CGI, CSS, Flash, FTP, Linux, Perl, PHP, RSS, SSI, Unix, XHTML တို့ကို သိထားတတ်ထားဖို့ လိုအပ်ပါတယ်။ - IT Business အမျိုးအစား - ဒါကတော့ အိုင်တီနယ်ပယ်က လျှောက်လမ်းသူ အများစုရဲ့ ပန်းတိုင် တစ်ခုပဲ ထင်ပါတယ်။ အိုင်တီနဲ့ ဆက်စပ် စီးပွားရေး လုပ်ငန်း လုပ်ဖို့အတွက် ရည်ရွယ်တဲ့ အလုပ် ဖြစ်ပါတယ်။ လိုအပ်ချက် - စီးပွာရေးဆိုင်ရာ ဘွဲ့ပညာရပ်အပြင်၊ ကွန်ပြူတာနဲ့ အိုင်တီ ဆက်စပ် ပညာရပ်၊ ဗဟုသုတများကိုလည်း အကြမ်းဖျဉ်း သိရှိထားရန် လိုအပ်ပါတယ်။ ကိုယ်ထုတ်လုပ် ရောင်းချ စီးပွားရေး လုပ်မယ့် ပစ္စည်းကိုကျတော့ သေချာ သိရှိ နားလည်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ - အနှစ်ချုပ် အထက်ပါ ဖော်ပြချက်ထဲမှာ Mobile and Telecommunication Industry ကိုမဖော်ပြခဲ့ပါဘူး။ မိုဘိုင်း ဆက်သွယ်ရေးဟာလည်း အိုင်တီဆက်စက် လုပ်ငန်း အမျိုးအစား တစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော ချန်ခဲ့တဲ့ အလုပ် အမျိုးအစား၊ အသက်မွေးဝမ်းကျောင်း ပညာရပ် အမျိုးအစားတွေ ရှိနေပါသေးတယ်။ ဥပမာ - Content Developing လို အလုပ်မျိုးဟာဆိုရင်လည်း အိုင်တီဆက်စပ် ကဏ္ဍတွေ အားလုံးမှာ ရှိနေတဲ့ အသက်မွေးဝမ်းကျောင်း ပညာ တစ်ခု ဖြစ်ပါတယ်။ အခြားသော အလုပ်ပေါင်းများစွာလည်း ရှိပါတယ်။ ဒီလောက်ဆိုရင် အိုင်တီဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘယ်လို အလုပ် အမျိုးစားတွေ ရှိတယ်ဆိုတာကို သိရှိပြီလို့ မျှော်လင့်ပါတယ်။

သင့်ကွန်ပျူတာ ဘာကြောင့် ဖွင့်မရတော့တာလဲ

၁။ လက်ပ်တော့ရဲ့ ပါဝါကြိုးကို မတပ်ရသေးဘူးဆိုရင် တပ်ထားလိုက်ပါ။ ၂။ ပါဝါကြိုးတပ်လိုက်သည်နှင့် လက်ပ်တော့ စတင်အလုပ်လုပ်ပါက လက်ပတော့ ၏ ဘက်ထရီး လွတ်နေသော ကြောင့် သို့မဟုတ် ဘက်ထရီ အားမရှိခြင်းကြောင့်ဖြစ်နိုင်သည်။ ဘက်ထရီကို အားဖြည့်နေကြောင်းသေ ချာပါစေ။ ဘက်ထရီ အားပြည့်သည့်အခါ ပါဝါကြိုးဖြုတ်၍ သုံးကြည့်ပါ။ ထိုအချိန်အထိ လက်ပ်တော့ အလုပ်မလုပ်သေးပါက ဘက်ထရီချိန်ဆက်ထားသည့် နေရာတွင် သို့မဟုတ် ဘက်ထရီတွင် ပြဿနာ ရှိနေပြီးဖြစ်သည်။ ၃။ ပါဝါကြိုးတပ်ထားသော်လည်း လက်ပတော့ ဖွင့်၍ မရပါက မည့်သည်နေရာတွင် ပြဿနာရှိနေသည်ကို စစ်ဆေးကြည့်ရမည်။ ၀င်းဒိုးစ်သည် boot တက်လာပြီး မှ ရပ်သွားပါက ဆော့ဖ်ဝဲ ပြဿနာကြောင့်ဖြစ်နိုင်သည်။ ၄။ ကွန်ပျူတာ ဖွင့်လိုက်သည့်အချိန်တွင် တတီတီ မြည်သံများ ကြားရပြီး Start up လုပ်နေစဉ် ရပ်သွားပါက ကွန်ပျူတာ၏ ဟာဒ်စ်တွင် ပြဿနာရှိနေပြီးဖြစ်သည်။ ၅။ လက်ပ်တော့တွင် Start up လုံးဝ တက်မလာတော့ပါက ပါဝါခလုတ်မှစ၍ Memory? ဟာ့ဒ်ဒစ်အထိ တစ်နေရာရာတွင် ပြဿနာရှိနေခြင်းကြောင့် ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် သင့်လက်ပ်တော့ကို ကွန်ပျူ တာပြင်ဆိုင်သို့ ပို့၍ စစ်ဆေးပါ။ ၆။ အကယ်၍ blue Screen of death မြင်ကွင်းမျိုးပေါ်လာပါက ဟာ့ဒ်ဝဲ သို့မဟုတ် ဆော့ဖ်ဝဲတစ်ခုခု အလုပ်မလုပ်တော့၍ ဖြစ်သည်။ သင့်လက်ပ်တော့နှင့် ချိန်ဆက်ထားသည့် ပြင်ပပစ္စည်း အားလုံးဖြုတ်ပြီး၊ လက်ပ်တော့ကို ပြန်ဖွင့်ပါ။ Start up တက်သည့်အချိန်တွင် F8 ကို နှိပ်ခြင်းဖြင့် Safe Mode အနေအထားဖြင့် အသုံးပြုပါ။ ၇။ အကယ်၍ Safe Mode ဖြင့် သုံးသည့်အချိန်တွင် ၀င်းဒိုးတက်လာပါက Start > Control Panel မှ တစ်ဆင့် သင်မသိသည့် ဆော့ဖ်ဝဲများကို ရွေးပြီး Uninstall လုပ်၍ ပြန်ဖြုတ်လိုက်ပါ။ အများအားဖြင့် သင့်ကွန်ပျူတာတွင် နောက်ဆုံး ထည့်သွင်းလိုက်သည့် သို့မဟုတ် နောက်ဆုံး အသုံးပြုလိုက်သည့် ပရိုဂရမ် ကို ဖြုတ်လိုက်ပါ။ ပြီးလျှင် ကွန်ပျူတာကို Restart ပြန်လုပ်ပါ။ ၈။ မည်သည့်နည်းလမ်းဖြင့်မျှ ဖြေရှင်း၍ မရတော့လျှင် ကွန်ပျူတာ ပြင်ဆိုင်သို့သာ ပို့ရမည်ဖြစ်သည်။

ကွန်ပျူတာက မဖတ်တဲ့ CD DVD များကို ငှက်ပျော်သီးနဲ့ ဖတ်အောင်လုပ်မယ်

တကယ်ကို ကောင်းတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ တစ်ချို့ CD / DVD တွေဟာ အ သစ်ထပ်မထွက်တော့ဘူး ခွေကလည်း မဖတ်ဖြစ်နေတယ်ဆိုရင် ဒီနည်းလမ်းလေးကို သုံးလိုက်ပါ။ သင်၏ CD / DVD ဟာ ကောင်းမွန် သွားပါလိမ့်မယ်။ အသုံးပြုပုံလေးကတော့ ငှက်ပျော်သီး အခွံနွှာပြီးသား တစ်လုံးကို ယူပါ။ ထို့နောက် တစ်ပိုင်းပိုင်းကာ CD / DVD ကို ၃ မီးနစ် ၄ မီးနစ်လောက်ပြောင်စင်အောင် တိုက်ချွတ်ပါ။ အစင်းကြောင်းတွေကို ကုန်စင်အောင် တိုက်ပါ။ ပြီးနောက် သန့်ရှင်းသော အဝတ်စဖြင့် သုတ်လိုက်ပါက အသစ်ကဲ့သို့ ကောင်းမွန်ပြီး ကြည့်လို့ ရပါပြီ။

Android ဖုန်းလေးလံနှေးကွေးရခြင်းအကြောင်းအရင်းများ

အရင်ဆုံး Memory Stroageအကြောင်းလေးကိုပြောပြချင်ပါတယ်။ Memory storage လို့ပြောလိုက်ရင် အရင်ဆုံးအလွယ်ပြေးမြင်လို့ရတာ SD Card ပါ။ တကယ်တော့ SD Card ဆိုတာ Memory Stroageလို့ပြောလို့ရပေမဲ့ ဖုန်းရဲ့ ROM ပိုင်း System ပိုင်း တွေနဲ့ တိုက်ရိုက် သက်ဆိုင်ခြင်းမရှိပါဘူး။ အပိုထည့်သွင်းထားတဲ့ အပိုင်းပဲ ဖြစ်ပါတယ်။ ပိုပြီး မြင်သာသွားအောင် ပြောရရင် SD Card မပါလဲဖုန်းဟာဆက်ပြီးအလုပ်လုပ်နေဦးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အခုလက် ရှိသုံးနေကြတဲ့ ဖုန်းတွေဟာဖုန်းထုတ်လုပ်တည်းကပါတဲ့ Bulit in memory ပါဝင်ပါ တယ်။ အဲဒီ Build in memory ပေါ်မှာသာ ROM ကိုတင်ပြီးအသုံးပြုနေရခြင်း ဖြစ်ပါတယ်။ များသောအားဖြင့် ဖုန်းဝယ်သူ တော်တော်များများဟာ SD Card ဘယ် လောက်စိုက်လို့ရလဲဘယ်လောက်ပါလဲဆိုတာကိုပဲ ကြည့်လေ့ရှိကြပါတယ်။ Build in memory ဘယ်လောက်ပါလဲဆိုတာကို ကြည့်လေ့မရှိကြပါဘူး။ ဒီတော့ အဲဒီ Build in memory ပေါ်မှာ ROM တင်ထားတာ ဖြစ်တယ်ဆိုတာသိရင် ဖုန်းဘာကြောင့် လေးရလဲဆိုတာကိုအလွယ်ပြောလို့ ရပါပြီ။ အဲဒီ Build in memory ပြည့်လုနီးနီး ဖြစ်သွားတာ (သို့) အဲဒီထဲက File တွေ ရှုပ်ထွေးနေတာလို့ ပြောရင်ရပါပြီ။ ဥပမာ - Build in memory 1 GB ပါတဲ့ ဖုန်းကို ၀ယ်လိုက်တယ်ဆိုပါစို့ ၊ တင်ထားတဲ့ ROM က တ၀က်ကျော်ကျော်လောက်ကို ကျိမ်းသေနေရာယူပါတယ်။ ပြောရရင် ဖုန်းရဲ့ Build in memory က ၀ယ်ကတည်းက တ၀က်ကျော်ကျော် သုံးထားပြီးသား ဖြစ်ပါတယ်။ အဲဒီ နောက်မှာဆက်ပြီးသုံးမယ်ဆို ပြည့်ပြည့်သွားခြင်း၊ ရှုပ်ထွေးခြင်းတွေ ဖြစ်သွားတဲ့အ တွက် ဖုန်းတွေ လေးလံနှေးကွေးရခြင်း ဖြစ်ပါတယ်။ နောက်ထပ်ဖြစ်လာမဲ့ မေးခွန်းတစ်ခုကတော့ ဘာကြောင့် Built in memory ကပြည့် သွားရတာလဲဆိုတာပါ။ ဒါကတော့ အမျိုးမျိုး ဖြစ်နိုင်ပေမဲ့ အကြမ်းဖြင့်အားဖြင့် အောက် ပါအချက်များကြောင့် အဖြစ်များလေ့ရှိပါတယ်။ ၁) Application တွေ ခဏခဏတင်ခြင်း၊ ဖျက်ခြင်း Built in memory ထဲမှာသို လှောင် ထားတဲ့ အပိုင်းမှာ App တွေတင်ရင် ကိုယ်မသိလိုက်ဘဲအလိုအလျောက် နောက်ကွယ် Build in memory ထဲမှာ Data File တွေဖွင့်သွားတတ်ပါတယ်။ တစ်ချို့ App တွေဆို ရင် Uninstall ပြန်လုပ်ပေမယ့်လည်းဆက်ပြီးတော့ Data တွေကျန်ခဲ့ တာမျိုးရှိပါတယ်။ (SD Card ထဲကို Install လုပ်ထားတဲ့ App တွေဆိုရင်တော့ ပြဿနာရှိမှာမဟုတ် ပါဘူး) ၂) Game ဆော့များခြင်းကကိုယ်ရဲ့ ဆော့လက်စဂိမ်းတွေကဘယ်အခန်းရောက်ပြီ၊ ဘယ်အချိန် က နောက်ဆုံးဆော့ထားတာစတဲ့ အချက်အလက်တွေကို ဘယ်နေရာ မှာသိမ်းထားတယ်ထင်လဲ။ စဉ်းစား ကြည့်လိုက်ပါ။ Game တစ်ခုကိုထည့်ရင် 1 MB ရှိတယ်ဆိုပါစို့၊ ဒါဟာ လုံးဝ မဆော့ရသေးခင် အချိန်မှာပါ။ ဆော့ပြီးသွားရင်တော့ ဆော့ လက်စအခန်းတွေ ပုံတွေ ဒါတွေကိုသက်သက်သိမ်းထားရတဲ့ Data File တွေထပ်တိုး လာပါတယ်။ ဒါကြောင့် Built in memory မှာပိုများပြီးကျပ်ညပ်လာတတ်တာမျိုးလဲ ဖြစ်တတ်ပါတယ်။ ၃) SD Card မသုံးခြင်းအပေါ်ကအချက်တွေကိုဖြေရှင်းမဲ့နည်းကတော့ SD Card သုံးထားရင် သက်သာစေပါတယ်။ မိမိဆော့တဲ့ Game File တွေ တင်ထားတဲ့ App တွေ စသည့် Data တွေကို SD Card ထဲမှာရွေ့ပြီးသိမ်းလိုက်မယ်ဆိုရင် Built in memory အသုံးပြုခြင်းလျော့နည်းစေမှာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ချို့ App တွေဟာ Built in me mory ကလွဲရင် SD Card ထဲကိုရွေ့ပြောင်းခြင်းခွင့်မပြုပါဘူး။ ဒါကြောင့် အတိုချုံပြီးပြောရရင် SD Card ထဲကို App တွေ Game တွေကိုစကတည်း Install လုပ်ထားသင့်ပါတယ်။ ဒီတော့ နောက်ဆုံးအဲလိုဖြစ်လာပြီ။ လေးလာပြီ နှေးလာပြီဆိုရင် မိမိဖုန်းကိုဘယ်လိုဖြေ ရှင်းမလဲဆိုတာအဓိကအချက်ပါ။ ၁) အဲလိုလေးလံလာရင် မိမိဖုန်းရဲ့ Build in memory ဘယ်လောက်ကျန်သေး လဲ ဆိုတာကို အရင်ဝင်စစ်ကြည့်ပါ။ Settingအောက်က App အောက်မှာ ၀င်ရောက် ကြည့်ရင် တွေ့ရပါလိမ့်မည်။ App ထဲမှာ MB အများဆုံးတွေကို Clear Cache လုပ်ပါ။ ၂) တစ်ခုခြင်းရှင်းတာတောင်မရတော့ဘူးဆိုရင်တော့ နောက်ဆုံးဘာလုပ်လို့ ရနိုင်မ လဲဆိုတာကရိုးရှင်းပါတယ်။ Factory Restart ချလိုက်ရုံပါပဲ။ Setting ထဲက Backup & Reset အောက်မှာဝင်ပြီး Factory data reset ချလိုက်ရင် ဖုန်းက ၀ယ်လာတဲ့အတိုင်း ပြန်ဖြစ်သွားပြီး Built in memory ထဲက Data တွေအကုန်ရှင်းသွားပါလိမ့်မယ်။ ဒါ ပေမယ့် ကြိုတင်သိထားရမှာကတင်ထားသမျှ ဂိမ်းတွေနဲ့ App တွေ Contact List တွေ SD Card ထဲကမဟုတ်တာမှန်သမျှ အကုန်ကုန်ပါလိမ့်မယ်။ ဒီလိုမကုန်အောင် ဘယ်လို Backup ဆွဲထားမလဲဆိုတာကတော့ မိမိအိမ်မှာ Comp uter နဲ့ဆိုရင်တော့ ပိုပြီးအဆင်ပြေနိုင်ပေမဲ့ ဖုန်းထဲမှာတော့ ခက်ခဲပါလိမ့်မယ်။ လုပ် ဆောင်ရမှာကရှိသမျှ လိုသမျှတွေ Backup ဆွဲမယ်။ ပြီးရင် Factory data reset ချမယ်။ ပြီးရင် Backup လုပ်ထားတဲ့ဟာတွေကို Restore ပြန်ခေါ် လိုက်ရင် အဆင်ပြေ ပါပြီ။

ကွန်ပြူတာ ဗိုင်းရပ်စ်များအကြောင်း

Computer Virus Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခု ဖြစ်ပြီးကွန်ပျူတာ တစ်ခုကနေတစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ် လူတွေမှာ Virus ကူး သလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့System ကို ပုံမှန်အလုပ်မလုပ်အောင် နှောက် ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက် ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ် စ တာတွေကို လုပ်ဆောင်ပါတယ်.. ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ် ဥပမာ.. chrome. exe, system.bat, flashy.com စသဖြင့်ပေါ့သူတို့ဟာ ကွန်ပျူတာထဲမှာ ရှိနေရင် တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိ ခိုက်နိုင်ပါဘူး ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ Virus ပျံ့နှံ့နိုင်တဲ့နည်းလမ်းတွေကတော့ အမျိုးမျိုး ရှိပါတယ်...forward E-mail က attached file တွေ၊ memory stick (flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာတွေ၊ အချင်းချင်း မ သိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေစသဖြင့်ပေါ့… Malware Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကို ပေါင်းစပ်ပြီး ကွန်ပျူ တာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲ့ဒီ Malware က ကွန်ပျူတာပိုင်ရှင်ရဲ့ခွင့်ပြုချက်မရပဲ၊ မသိစေပဲ single computer / server / com puter network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင်၊ အနှောက် အ ယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်..Malware တစ်ခုမှာ Computer Virus , Worms, Trojan Horses, Most Rootkits, Spyware, Dishonest Adware, Crimeware and Other Malicious and Unwanted Software တွေ ပါဝင်လေ့ ရှိပါ တယ်.. Worm Worm ဆိုတာက virus နဲ့ ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့ လည်းခေါ်လို့ ရပါတယ် သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုး မဟုတ် ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြား ကွန်ပျူတာတွေကို လူရဲ့ လုပ် ဆောင်ချက် လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ် အကြီးမားဆုံး အန္တရာယ်ကတော့ သူ က သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို များလာစေ တယ်.. Computer ရဲ့ System memory usage တွေ များလာစေတယ်.. network band width တွေကို တက်လာစေတယ်... Run ထားတဲ့ program တွေကို Not Respon ding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ Worm ကတော့ Blaster worm ပါ.. Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်.. Trojan Horse Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်.. ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Soft ware တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့... Game တစ်ခုကို Install ပြီး ဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒီ Game ကို Trojan horse လို့ ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ ပြောရလိုဖြစ်နေတာပေါ့.. Trojan horse တစ်ခု ဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်.. ♦ Remote Access ♦ Data Destruction ♦ Downloader/dropper ♦ Server Trojan (Proxy, FTP , IRC, Email, HTTP/HTTPS, etc.) ♦ Disable security software ♦ Denial-of-serviceattack(Dos) Spyware သူကတော့ သူခိုးပေါ့နော်.. သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အ ရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ ပေးနေ တယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါ တယ်... ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေ များနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလို လိုပွင့်လာမယ် စသဖြင့်ပေါ့... တစ်ချို့ လူတွေက http cookie တွေကို Spyware တွေ လို့ ထင်ကြပါတယ်.. တကယ်တော့ မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spy ware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့် Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ … Spyware ကိုကာကွယ် ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကိုရှောင်တာကောင်းပါတယ်... Adware Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင် ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်... အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်... Crimeware Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေ ထဲမှာ ပါ ပါတယ်.. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေး ကြတာများပါတယ်..သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့ လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုး ယူနိုင်တာပေါ့.... ဥပမာပြောရရင်.. ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ ဟာ Crimeware အမျိုးအစားတွေပဲ ဖြစ်ပါတယ်

Battery နှင့် Cell များအကြောင်း .

Batteries နှင့် Cells များသည် DC ဗို့အားကို ထောက်ပံ့ပေးသော လျှပ်စစ်ပစ္စည်း များဖြစ်ကြသည်။ ဗို့အား၏ အဓိပါယ်မှာ Potential စွမ်းအားခြားနားခြင်းဖြစ်၇်ျ Batteries နှင့် Cells များကို လျှပ်စစ်စွမ်းအင် ထောက်ပံ့ပေးသော ပင်ရင်းများဖြစ်ကြသည်။ထို့အပြင်ပါဝါ သည်စွမ်း အင်အသုံးပြုသောနှုန်းဖြစ်သဖြင့် ၄င်းပစ္စည်းကိရိယာများကို Power Sources ဟုလည်း ခေါ်ကြသည်။ လျှပ်ငုတ်နှင့်သင်္ကေတCell တစ်ခုသည် ဓာတုနည်းဖြင့် လျှပ်စစ်ဓာတ်ထုတ်ပေးသောပစ္စည်းကိရိယာ ဖြစ်၇်ျ ကွဲပြားခြားနားသော သတ္တုများဖြင့်ပြုလုပ်ထားသော လျှပ်ငုတ် နှစ်ခုပါရှိပြီး လျှပ်လိုက်ရည်electrolyte ပါရှိသည်။ ဓာတုစွမ်းအင်မှ လျှပ်စစ်စွမ်းအင်ကို ပြောင်းလဲပေးသော အရေအတွက် (Unit) တစ်ခုကို Cell ဟုခေါ်သည်။ လျှပ်ငုတ်များနှင့် လျှပ်လိုက်ရည်များ၏ ဓါတ်ပြုမှုကြောင့် လျှပ်စစ်ဗို့အားဖြစ်ပေါ်လာရသည်။ဘက်ထရီတစ်ခုတွင် Cell နှစ်ခု (သို့)နှ စ်ခုထက်ပိုသော Cell များကို အတူတကွ ဆက် သွယ်ထားပြီး ယူနစ်တစ်ခုတည်းဖြစ်ရန် ထုပ်ပိုးထားသည်။ လက်တွေ့မှာတော့ ဘက်ထရီတစ်ခုတွင် ဘက်ထရီတစ်ခုတွင်မူ နှစ်ခု (သို့) နှစ်ခုထက် ပိုသော Cell များပါဝင်သောကြောင့်ဘက်ထရီတစ်လုံးသည် Cell တစ်ခုတည်း (သို့) Cell များ၏ အစုအပေါင်းကိုဆိုလိုပါသည်။ အီလက်ထရောနစ် လေ့လာလိုက်စားတော့မယ်ဆိုရင်အကြမ်းဖျင်း ရှိသင့်တဲ့ အရည် အချင်းတွေပါ ၁။အသက် ၁၅ နှစ်မှ ၄၅ နှစ် အတွင်း သာဖြစ်သင့်ပါတယ်။ပညာရှာအိုသည်မရှိလို့ဆိုသော်လည်း မှတ်သားလေ့လာ ရန်အတွက် ခရီးရောက်ပေါက်မှုနည်းသွားတတ်ပါတယ်။မျက်စိနဲ့ ကိုယ်ကာယ စွမ်းအင်အသုံးချဖို့ရာ လူငယ်များနဲ့ယှဉ်ရင် အဖက်ဖက်က အားနည်းချက်တွေရှိနိုင်လို့ပါ။ ၂။အတန်းပညာအရည်အချင်း အနိမ့်ဆုံး ၅ တန်းခန့်တော့ရှိသင့်ပါတယ်။ဒါမှမဟုတ် English စာ တီးမိခေါက်မိလောက်တော့ရှိရမှာပါ။ ၃။အတွေးအခေါ် ပုံမှန်မရှိသူ စိတ်မမှန်သူများအနေနဲ့ မသင်သင့်ပါ။ကျတ်မှတ်တွက်ချက်မှု / မှတ်သားနိုင်မှု/တွေပါဝင်နေလို့ပါ။ ၄။မျက်စိ နား နှာခေါင်း အထိအတွေ့ အာရုံခံစားမှုတွေမှာ ထက်ထက်မြက်မြက် ရှိသင့်ပါတယ်။ပြုပြင်တဲ့နေရာမှာ အက်ကွဲခြင်း ကြိုးပြတ်နေခြင်း လွတ်နေခြင်း ခဲဂဟေ လွတ်နေခြင်းကျိုးပဲ့နေခြင်းတွေကို စေ့စပ်သေချာစွာမြင်နိုင်စွမ်းသူဖြစ်သင့်ပါတယ်။အမြင်အာရုံမကောင်းရင် မလွယ်ပါ အခက်အခဲများစွာတွေ့နိုင်ပါတယ်။ပစစ္စည်းတွေကို ပူမှန်းအေးမှန်း စမ်းတဲ့နေရာမှာလိုအပ်ပါတယ်။ ၅။နောက်ဆုံးကတော့ အတွေ့အကြုံ ဖြတ်ထိုးညဏ် ပညာ လေ့လာအားထုတ်မှု့ မှန်ကန်တဲ့ဆုံးဖြတ်မှု့တွေပါ။(မျက်စိ/နား/နှာခေါင်း/လျှာ/ကိုယ်/စိတ်) ELECTRONICS ဖြစ်ပေါ်လာပုံ Electronics နည်းပညာကို လေ့ လာ လိုက်စားတော့မည် ဆိုလျှင် “Electronics” ဟူသော ဝေါဟာရ ကို အခြေ အ မြစ်ကျကျ သိရှိ Electronics (အီလက်ထရွန်းနစ်) ဟူသော ဝေါဟာရကို အင်္ဂလိပ် မြန်မာ အဘိဓာန်များ၌ ပရမာ အနုမြူနှင့် ဆိုင် သော ရူပဗေဒ ဘာသာရပ် ဟုအဓိပ္ပာယ် ဖွင့်ဆိုထားလေသည်။ Electronics ဟူသော ဝေါဟာရကို (GREEK) ဂရိဘာ သာစကားမှ စတင်ဆင်းသက် ပေါက်ဖွားလာခဲ့ သည်။ ဂရိဘာသာစကားတွင် Electronics ဟူသော ဝေါဟာရ ကို ပယင်းကျောက်တုံးဟု အဓိပ္ပာယ် ရလေ သည်။ စာဖတ်သူများအနေဖြင့် အီလက်ထရွန်းနစ်ပညာကိုလေ့ လာလိုက်စားရာတွင် ဗဟုသုတအနေ ဖြင့် သော်လည်ကောင်း၊ မိမိဝါသနာပါရာ အီလက်ထရွန်းနစ်ပညာ၏ သမိုင်းကြောင်းဆိုင်ရာ သိမှတ်စရာအဖြစ် လည်းကောင်း အထောက်အကူဖြစ်စေခြင်းငှာ အီလက်ထရွန်းနစ်၏ သမိုင်းကြောင်းကို စတင်ပါတော့မယ် ခင်ဗျာ။ လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀) ကျော်လောက်က ပိုးသားဝတ်စုံများကို မြတ်နိုးစွာ ၀တ်ဆင်လေ့ရှိ သော ဂရိလူမျိုးများစွာတို့အနက် လက်အငြိမ်မနေသောတတ်သော ဂရိလူမျိုးတစ်ဦး ရှိလေသည်။ ထိုသူ တွင် လုံးဝန်းသော ပုံသဏ္ဍာန်ရှိသည့် ပယင်းကျောက်တုံး (AMBER) တစ်လုံးရှိလေသည်။ ထိုသူသည် အားလပ်သော အချိန်တိုင်းတွင် ၎င်းပိုင်ဆိုင်သော ပယင်းကျောက်တုံး ကလေးကို သူ၏ ပိုးသားဝတ် ရုံဖြင့် အစဉ်သဖြင့် ပွတ်တိုက်လှုပ်ရှား၍ သာနေသည်။ ထိုသူ၏ အငြိမ်မနေတတ်သော အကျင့်သည် သာမန် အားဖြင့်ဆိုလျှင် မည့်သို့မျှထူးခြား စိတ်ဝင်စားဖွယ် မရှိသော်လည်း ထိုသို့ အငြိမ်မနေတတ်သော ဂရိလူမျိုး တစ်ဦး၏ ပိုးသားဝတ်ရုံစဖြင့် ပယင်းကျောက်တုံးကလေးကို စဉ်ဆက်မပြတ်ပွတ်တိုက် လှုပ်ရှားရာမှ စ၍ ယခုမျက်မှောက်ကာလ ကမ္ဘာနှင့်အ၀ှမ်း အီလက်ထရွန်းနစ်နည်းပညာများ ဖွံဖြိုးတိုးတတ်လာခဲ့သည် ဆို လျှင် ယုံနိုင်ဖွယ်မရှိအောင် အံ့သြကြမည်မှာ မလွှဲပါ။ တစ်နေ့သော်ထိုသူသည် ၎င်းပိုင်ဆိုင်သော ပယင်းကျောက်တုံးကလေးကို ပိုးဝတ်ရုံစဖြင့် စဉ်ဆက်မ ပြတ် ပွတ်တိုက်ရာမှ လက်ထဲမှာ ပူနွေးညောင်းညာလာသဖြင့် ၎င်းပယင်းကျောက်တုံးကလေးကို အနီးရှိ စားပွဲခုံတစ်ခုပေါ် တင်လိုက်သောအခါ ပတ်ဝန်းကျင်ရှိ ပေါ့ပါးသော စက္ကူစများ၊ ငှက်မွှေးများ၊ ဂွမ်းစကဲ့သို့ သော ပေါ့ပါးသော အရာဝတ္တုများသည် ၎င်းပယင်းကျောက်တုံးဆီသို့ အပြေးအလွှား ကပ်ညှိသွားသည်ကို အဲ့ဩဖွယ်ရာ မြင်တွေ့လိုက်ရသည်။ ထိုသူသည်လွန်စွာ အံ့အားသင့်သွားသည်။ သို့သော် အဘယ်ကြောင့်ထိုသို့ ဖြစ်ရသည်ကိုမူ ၎င်းအနေဖြင့် သိနိုင်စွမ်းမရှိခဲ့ပေ။ သို့သော် ထိုသူ သည် ၎င်း၏ ပယင်းကျောက်တုံးကလေးကို ပိုးဝတ်ရုံစဖြင့် ပူနွေးလာစေရန် အဆက်မပြတ် ပွတ်တိုက်၍ လူပုံလယ်တွင် မည့်သည့် အဆက်အသွယ်မှ မရှိဘဲ သံနှင့်သံလိုက် မဟုတ်ပါပဲ အ၀တ်စ၊ ငှက်မွှေး၊ ဂွမ်းစ နှင့် စက္ကူစုတ်များကို ပယင်းကျောက်တုံးသို့ ပြေးဝင်ကပ်ညှိအောင် လုပ်နိုင်စွမ်းသူ တစ်ဦးအဖြစ် ဂရိလူမျိုး များစွာတို့၏ အံ့ဩမှုကို ခံယူခဲ့ရလေသည်။ အမှန်စင်စစ် ထိုအချိန်က အရာဝတ္တုတစ်ခုကို အခြားအရာဝတ္တုတစ်ခုနှင့် ပွတ်တိုက်သည့်အခါ (FRICTIONAL ELECTRICITY) ဖရက်ရှင်းနယ်လ် အီလက်ထရစ်စီတီ ခေါ်အပူကြောင့်ဖြစ်ပေါ်သော အပူ လျှပ်စီးကြောင်း၏ သဘောတရားကို မည်သူမျှ နားလည်သဘောပေါက်ခြင်း မရှိသေးပေ။ သို့သော ပယင်း ကျောက်တုံးကို အ၀တ်စတစ်ခုခုဖြင့် ပွတ်တိုက်ပေးလျှင် အ၀တ်စ၊ ငှက်မွှေး၊ ဂွမ်းစနှင့် အခြားပေါပါးသော အရာဝတ္တုများ ပြေးဝင် ကပ်ညှိနိုင်သောသဘောကို အီလက်ထရွန် (သို့မဟုတ်) အီလက်ထရစ် ဟုခေါ်ဆို ကြလေသည်။ ၎င်း၏ အ ဓိပ္ပာယ်မှာ ပယင်းကျောက် ဟု၍ပင်ဖြစ်သည်။ အချိန်ကာလာ အတန်ကြာသိအထိ ပယင်းကျောက်တုံး၏ နိယာမမှာ တိုးတက်ပြောင်းလဲခြင်းမရှိဘဲ နေလာခဲ့ရာ (၁၆) ရာစုသို့ ရောက်သောအခါ (Doctor William Gilbert) ဒေါက်တာဝီလျံဂီးဘတ် ဆိုသူ သည် ချိတ်၊ အင်တွဲ၊ ကန့်၊ ဖန် စသောအစိုင်အခဲတို့သည်လည်း အ၀တ်စဖြင့် ပူလာသည်အထိ ကြိမ်ဖန် များစွာ ပွတ်တိုက်ပါက ပယင်းကျောက်တုံးကဲ့သို့ပင် ပေါ့ပါးသော အရာဝတ္တုများကို ဆွဲငင်နိုင်ကြောင်း ထပ်မံစမ်းသပ် တွေ့ရှိလာခဲ့သည်။ ထိုပြင် အီလက်ထရွန်တို့သည် တစ်နေရာမှ တစ်နေရာသို့ ၀ိုင်ယာကြိုးစသည့် တစ်စုံတစ်ခုဆက် သွယ်ခြင်း မရှိပဲ အာကာသ အတွင်းသို့ အလိုအလျှောက် ပျံနှံရောက်ရှိနိုင်ကြောင်း သိရှိခဲ့ရလေသည်။ ထိုပြင် (FRICTIONAL ELECTRICITY) ဖရက်ရှင်းနယ်လ် အီလက်ထရစ်စီတီခေါ် အပူကြောင့် အလို အလျှောက် စွမ်းအင်တစ်မျိုး ဖြစ်ပေါ်စေကြောင်းနှင့် ပယင်း၊ ချိတ်၊ ကန့်၊ ဖန်၊ အင်တွဲ၊ ထင်းရူးဆီတို့၌ ငြိမ် ၀ပ်လျှက်ရှိသော စွမ်းအင်များသည် ပွတ်တိုက်မှုကြောင့် ပူနွေးနိုးထလှုပ်ရှားပြီး ရှင်သန်သော စွမ်းအင်များ ပေါ်ထွက်လာနိုင်သည် ဟူ၍၎င်း၊ ထိုသို့ ဖြစ်ပေါ်လာသော လျှပ်စစ်စွမ်းအင်ကို (FRICTIONAL ELECTRICITY) အပူကြောင့် ဖြစ်ပေါ်လာသော လျှပ်စစ်စွမ်းအင် (သို့မဟုတ်) ( Static Electricity) စတက်တစ်ခ် အီလက်ထရစ်စီးတီး တည်ငြိမ်မှု နိုးထသော လျှပ်စစ်စွမ်းအင် ဟုခေါ်ဆိုကြလေသည်။ ဤသို့ဖြင့် ၁၈၁၉ ခုနှစ်သို့ ရောက်ရှိလာသောအခါ (Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် ဆိုသူသည် အရာဝတ္တု တစ်ခုနှင့်တစ်ခု ပွတ်တိုက်လိုက်သော အခါအပူကြောင့် သံလိုက်ဓာတ်ကဲ့သို့ ဆွဲသင်ယူဆောင်နိုင်သော စက်ကွင်း (သို့မဟုတ်) လျှပ်စီးစွမ်းအင်များ ထွက်ပေါ်လာ သည်။ ထို့အပြင် ၎င်းလျှပ်စီးစွမ်းအင်တို့သည် ရွှေ၊ ငွေ၊ ကြေး၊ အလူမီနီယံ၊ သံ စသော သတ္တုများတွင် စီး ၀င်နိုင်သည်။ ၎င်းသတ္တုတို့တွင် အီလက်ထရွန်များ လွပ်လပ်စွာ တည်ရှိနိုင်မှုကြောင့် လျှပ်ကူးစွမ်းရည်ပို ကောင်းသည်။ မီးခံကျောက်၊ ရော်ဘာ၊ ဖယောင်း၊ ပလပ်စတစ်၊ လကြေးတို့သည် အီလက်ထရွန်သက် ရောက်မှု နည်းပါးသဖြင့် လျှပ်ကူးမှုစွမ်းအင် နည်းပါးပြီး ရောက်ရှိလာသော လျှပ်စီးစွမ်းအားတို့ကို တားဆီး သောသဘောရှိသည်ဟု သိရှိလာသည့်အပြင် ထပ်မံစူးစမ်းလေ့လာသောအခါ ထိုသူသည် အောက်ဖော်ပြ ပါအချက်တို့ကို တွေ့ရှိနိုင်ခဲ့လေသည်။ အရာဝတ္တုတစ်ခုနှင့်တစ်ခု ပွတ်တိုက်သည့်အခါ အပူကြောင့် လျှပ်စီးစွမ်းအားကို ရရှိစေနိုင် သည်။ေ ရွှ၊ ငွေ၊ ကြေး၊ သံ စသော သတ္တုတို့သည် လျှပ်စစ်စွမ်းအင်ကို လက်ခံဖြတ်သန်းစီးဆင်းစေ နိုင်သည်။ လျှပ်စစ်စွမ်းအင်များသည် ရွှေ၊ ငွေ၊ ကြေး၊ သံ စသော သတ္တုတို့ကို ဖြတ်သန်းစီးဆင်းသော အခါ ၎င်းတို့၏ ပတ်ဝန်းကျင်တွင် လျှပ်စစ်သံလိုက်ကွင်းများ ဖြစ်ပေါ်နေသည်။ ၎င်း ရွှေ၊ ငွေ၊ ကြေး၊ သံ များကို ကြိုးခွေတစ်ခုသဖွယ် ခွေ၍ထားပါက လျှပ်စစ်သံလိုက်စက် ကွင်းအင်အားများပို၍ ဖြစ်ပေါ်စေသည်။ ၎င်း ရွှေ၊ ငွေ၊ ကြေး၊ သံ ကြိုးခွေအတွင်း လျှပ်စစ်စွမ်းအား ဖြတ်သန်းနေစဉ် ၎င်းကြိုးခွေ အ တွင်း၌ သံချောင်းတစ်ခုကို ထားပါက ၎င်းသံချောင်းသည် သံလိုက်ဖြစ်နေပြီး လျှပ်စစ်စွမ်း အား ရပ်ဆိုင်းသွားသည့်အခါ ၎င်းသံလိုက်ချောင်းသည် သံလိုက်ဓာတ် ကွယ်ပျောက်သွား သည်။ မီးခံကျောက်၊ ရော်ဘာ၊ ဖယောင်း၊ ပလပ်စတစ်၊ လကြေး တို့သည် အီလက်ထရွန်ကူးသန်းမှု ကို တားဆီးခုခံနိုင်သည်။ ထိုသို့ တားဆီးခုခံမှု (Resistance) အနည်းအများသည် အရာဝတ္တု တစ်ခု၏ လျှပ်စီးတားဆီးနိုင်မှု ပမာဏအပေါ်မှုတည်၍ တိုင်းတာသိရှိနိုင်သည်။ ထိုခုခံတားဆီးမှု ပမာဏကို (OHM) ဖြင့် တိုင်းတာသတ်မှတ်နိုင်သည်။ (Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် ဆိုသူသည် အထက်ပါ (၆) မျိုးသော အကြောင်းအ ရာ တို့ကို သာရှာဖွေနိုင်ခဲ့သောလည်း ထိုသူ၏ အကျိုးကျေးဇူးဖြင့် ထရန်စဖော်မာ ၏ အခြေခံဖြစ်သော ကွိုင်၏ သဘောတရာနှင့် လျှပ်စီးခုခံမှု ပမာဏကို တိုင်းတာနိုင်သော ( OHM Law) အုမ်းလော ခေါ် လျှပ်စစ်ခုခံမှုတိုင်း တာသော ဥပဒေများ၏ အခြေခံသဘောတရား များနှင့် အီလက်ထရွန်းနစ် ပစ္စည်းများတွင် မရှိမဖြစ် အဓိက အ သုံးပြုသော (Resistor) ရီစစ္စတာ ခေါ် အီလက်ထရွန်းနစ် လျှပ်ခံပစ္စည်းပေါ်ပေါက်ရခြင်း၏ အကျိုးကျေးဇူး များ ကို ရရှိခဲ့ရပေသည်။ ဤသို့ဖြင့် ၁၆၃၁ ခုနှစ် သို့ ရောက်သောအခါ မိုက်ကယ်ဖာရာဒေး ( MICHAL FARADAY) ဆိုသူ သည် အထက်ဖော်ပြပါ (Doctor William Gilbert) ဒေါက်တာဝီလျံဂီးဘတ်၊ (Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် တို့၏ ရှာဖွေတွေ့ရှိချက်များအပေါ် မူတည်၍ အဓိကအကျဆုံး လျှပ်စစ်စွမ်း အားထုတ်ယူသုံးစွဲနည်း ပညာများကို တိုက်ရိုက်တီထွင်နိုင်ခဲ့သည်။ ယခင်ပုဂ္ဂိုလ်များသည် အရာဝတ္တု တစ်ခုနှင့်တစ်ခု ပွတ်တိုက်ခြင်းဖြင့် အပူကြောင်း လျှပ်စစ်စွမ်းအင် ရရှိနိုင်သည်ဟု၎င်း၊ ၎င်းလျှပ်စစ်စွမ်းအင်စီးဆင်းရာ ၀န်းကျင်တွင် သံလိုက်စက်ကွင်းဖြစ်ပေါ်စေပြီး သံ ချောင်းကို ပင် သံလိုက်ချောင်းဖြစ်စေနိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်။ သို့သော် မိုက်ကယ်ဖာရာဒေး ကမူ ၎င်းတို့ ရှာဖွေတွေ့ရှိချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်သော သံလိုက်မှ လျှပ်စစ်စွမ်းအားကို ထုတ်ယူ ပေးနိုင်ခဲ့လေသည်။ မိုက်ကယ်ဖာရာဒေးသည် ကြေးနီဝါယာနန်းကြိုးခွေတစ်ခုအတွင်း၌ သံလိုက်တုံးကို မရပ်အနားလှုပ် ရှားစေခြင်းကြောင့် ကြေးနီဝိုင်ယာကြိုးအတွင်း လျှပ်စစ်ဓာတ်အားကို ဖြစ်ပေါ်စေသည်ကို စမ်းသပ်လေ့လာ တွေ့ရှိခဲ့လေသည်။ မိုက်ကယ်ဖာရာဒေးသည် လျှပ်စစ်စီးအားတစ်ခုသည် ကွိုင်တစ်ခုအတွင်း ဖြတ်သန်းစီးဝင်နေပါက ၎င်း ကွိုင်၏ ပတ်ဝန်ကျင်တွင် လျှပ်စစ်သံလိုက်စက်ကွင်းများ ဖြစ်ပေါ်နေပြီး၊ ၎င်းအနီးတွင် မည်သည့် အဆက်အသွယ်မျှ မရှိဘဲ အခြားကွိုင်တစ်ခုကို ထားရှိပါကလည်း ထိုကွိုင်အတွင်းသို့ လျှပ်စစ်လှိုင်းများ အလိုလျောက် ကူးပြောင်းရောက်ရှိနိုင်ကြောင်းကို ရှာဖွေသိရှိခဲ့လေသည်။ ဤသို့အားဖြင့် မိုက်ကယ်ဖာရာဒေး၏ ကျေးဇူးဖြင့် (၁၈၃၀) ခုနှစ်၊ နှောင်းပိုင်းကာလ သို့မဟုတ် (၁၉) ရာစုနှစ်တွင် လျှပ်စစ်နှင့် ပက်သက်သော အကျိုးတရားများ ဖြစ်ထွန်းခဲ့လေသည်။ မိုက်ကယ်ဖာရာဒေး၏ လေ့လာ စူးစမ်းမှုအပေါ် အခြေပြု၍ (၁၈၃၁) နှစ်နောက်ပိုင်း ကာလတွင် အီလက်ထရွန်(ခေါ်) ပယင်း ကျောက်တုံးကလေးမှ စတင်ခဲ့သော လျှပ်စစ်စွမ်းအင်နှင့် သက်ဆိုင်သော အသိပညာများ၊ လူသား အကျိုးပြု လျှပ်စစ်ကိရိယာများစွာ တိုးတက်ဖွံဖြိုးလာပေသည်။ လျှပ်စစ်ဆိုင်ရာ အတတ်ပညာနှင့် သက်ဆိုင်နှီးနှောသော အတတ်ပညာပိုင်းဆိုင်ရာ အခေါ်အဝေါ်များကို စတင်ဖြစ်ပေါ်ခဲ့ရာ အခြေအမြစ်ဖြစ် သော ပယင်းကျောက်တုံးကိ အစွဲပြု၍ ယနေ့ချိန်ထိ အီလက်ထရွန်၊ အီလက်ထရစ်၊ အီလက်ထရွန်းနစ် စသည်အားဖြင့် ခေါ်ဝေါ် သုံးစွဲကြလေတော့သည်။

ဖေ့စ်ဘွတ် ပေါ်တွင် မလုပ်ရ ၁၀ ချက်

ကမ္ဘာမှာ အင်တာနက်အသုံးပြုသူ ၂ ဘီလျံမက ရှိနေပြီး ဖေ့စ်ဘွတ် အသုံးပြုသူလည်း သန်း ၁ ထောင်ကျော်သွားပါပြီ။ ဒီတော့ ဖေ့စ်ဘွတ် အသုံးပြုလို့ ဝါရင့်နေသူများလည်း ရှိမယ်ထင်ပါတယ်။ ဘယ်လောက်ပဲ ဝါရင့်ရင့် အောက်ပါ မလုပ်ရ ၁၀ ချက် အခြေခံ အချက်အလက်လေးသိမှ မိမိ အကောင့် လုံခြုံမှာ ဖြစ်ပါတယ်။ ၁။ Facebook ကို ဦးစားပေး အီးမေးလ်ပေးခြင်း (email priority) Facebook အကောင့်ဖွင့်ဖို့အတွက် အခြား အီးမေးလ် ကိုသာ ပေးစေခြင်း ဖြစ်ပါတယ်။ မိမိ လုပ်ငန်းသုံး အရေးကြီးတဲ့ အီးမေးလ် ကို ဖေ့စ်ဘွတ်နဲ့ တွဲမနေစေဖို့ ဖြစ်ပါတယ်။ အကယ်၍ တွဲနေရင်လည်း Facebook မှာ မဖော်ပြမိစေဖို့ လိုအပ်ပါတယ်။ Facebook အကောင့်ကို လုံခြုံရေး လျော့နည်းစေသလို မိမိအီးမေးလ်ကိုလည်း လုံခြုံရေး လျော့နည်း စေပါတယ်။ ၂။ profile နှစ်ခု ထားခြင်း ပရိုဖိုင် နှစ်ခုနဲ့ အကောင့် နှစ်ခုထားတာမျိုး မလုပ်ရပါဘူး လို့ဆိုပါတယ်။ ဒါကို အနောက်နိုင်ငံက Facebook user များက တားမြစ်ပါတယ်။ သို့ပေမယ့် Privacy နဲ့ အခြား အွန်လိုင်း ပိတ်ဆို့မှုများ ရှိနေတဲ့အတွက် မြန်မာပြည်မှာ အပြည့်အဝ အသုံးမပြုနိုင်သေးတဲ့ Facebook ရဲ့ အခြား အစိတ်အပိုင်းများ ရှိနေပါတယ်။ ဒါကြောင့် တစ်ခါခါ ဖုန်းနံပါတ် ထည့်မရလို့ အကောင့် ပိတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အရံအကောင့် တစ်ခုထားခြင်းကို ပြုလုပ်နိုင် ပါတယ်။ သို့ပေမယ့် ယင်းထားတဲ့ အကောင့်ကု နောက်လူ တစ်ယောက်ပုံစံ အနေနဲ့ မသုံးပဲ ကာကွယ်ရေး အတွက် အမြဲ အသင့်ရှိစေတဲ့ အကောင့်လိုပဲ အသုံးပြုသင့်တာ ဖြစ်ပါတယ်။ ပရိုဖိုင်တစ်ခုမှာလည်း Status update တစ်မျိုးတင်တယ်။ နောက်တစ်ခု ကလ်ညး ဒါကိုပဲ တင်တယ် သို့မဟုတ် အခြား တစ်မျိုးတင်တယ် ဆိုရင်တောင် Personal အရ အခြားလူ မြင်ရင်တောင် မကောင်းပါဘူး။ သို့ပေမယ့် မတော်လို့ ကိုယ်သုံးနေတဲ့ အကောင့် လော့ကျ သွားရင် ဒုတိယအကောင့်နဲ့ အသုံးပြု နိုင်သလို လော့ဖွင့်ရန် ကြိုးပမ်းနိုင်ပါတယ်။ Facebook Page ၊ Group ကို တစ်ဦးတည်း လုပ်ထားသူ အနေနဲ့ အရံ အကောင့် တစ်ခုနဲ့ Admin Manager လုပ်ထားသင့် ပါသေးတယ်။ ဒီတော့ ပရိုဖိုင် နှစ်ခု မထားရလို့ တားမြစ်ပေမယ့် အကောင့် နှစ်ခုကတော့ အခြေအနေအရ ထားသင့်ပါတယ်။ ၃။ မက်လုံးပေးသော Page များကို Like လုပ်ခြင်း၊ နိုင်ငံခြားမှာ တော်တော်ခေတ်စားပါတယ်။ ဒီ Page ကို Like ရင် iPhone အလကားပေးမယ်။ ပေါင်မုန့် အိမ်အရောက် ပို့မယ် ဆိုတာမျိုး ဖြစ်ပါတယ်။ ရည်ရွယ်ချက်က app နဲ့ တိုက်ခိုက်ပြီး အကောင့်ကို ခိုးဖို့ ဖြစ်ပါတယ်။ ၄။ မက်လုံးပေးသော App များကို အသုံးပြုခြင်း အချို့ ကျတော့ မိမိစီးပွားရေး အလွယ်တကူ လူသိများရန်အတွက် App ကို သုံးတတ်ပါတယ်။ ဒီမှာ User တစ်ယောက်က ယင်း app ကို click နှိပ်မိရင် အလိုအလျောက် သူ့သူငယ်ချင်းများထံ ဆက်လက် ပြန့်ပွားသွားတာမျိုး ဖြစ် ပါတယ်။ ဒါက အန္တရာယ်ရှိပါတယ်။ အဓိက ကတော့ Personal information များပေးလိုက်ရတဲ့အတွက် အကောင့်လုံခြုံရေး လျော့နည်းသွားပါတယ်။ အချို့ ကျတော့လည်း လူအံ့အောလောက်မယ့် ကောလဟာလကို app လုပ်ပို့ တတ်ပြီး Like နှိပ်သူ Wall မှာ ဆက်တိုက် တက်တာမျိုးလည်း ဖြစ်ပါတယ်။ ဗိုင်းရက်စ်အနေနဲ့တောင် တိုက်ခိုက်နိုင်ပါတုယ်။ ၅။ ဖေ့စ်ဘွတ်ကို ယာယီသိုလှောင်စရာ အဖြစ် အသုံးပြုခြင် အချို့ က ဖေ့စ်ဘွတ်ကို ယာယီသိုလှောင်စရာလို အသုံးပြုတတ်ပါတယ်။ ဒါက မလုံခြုံတဲ့အပြင် လိုသလိုလည်း ဖြစ်မလာတတ်ပါဘူး။ ဥပမာ- မိမိက သိမ်းလိုက်တဲ့ ပုံက အရွယ်ကြီးနေရင် တစ်ခါခါ Facebook က အလိုအလျောက် resolution လျော့ချ ပစ်တတ်ပါတယ်။ အမြဲတမ်းတော့ မဟုတ်ပဲ တစ်ခါခါကျ ကြုံရတတ်ပါတယ်။ ဒါကြောင့် Facebook ကို Permanent Storage အဖြစ် အသုံးမပြုသင့်ပါဘူး။ ၆။ မွေးနေ့ ပြည့်ပြည့်စုံစုံ ဖော်ပြခြင်း မိမိမွေးနေ့ကို ပြည့်ပြည့်စုံစုံ ဖော်ပြတာဟာ အန္တရာယ်ကြီးပါတယ်။ ယင်းမွေးနေ့ ကလည်း ဖေ့စ်ဘွတ်မှာ လျှို့ ဝှက်ထားသင့်တဲ့ အရာ ဖြစ်ပါတယ်။ ယင်း အချက်အလက်ကို ကြည့်ပြီးတော့ ဟက်ကာ များက အကောင့် ခိုးယူနိုင်ပါတယ်။ ၇။ emotional ရုပ်ပုံများ ပေါပေါသီသီ အသုံးပြုခြင်း အသုံးပြုဖို့အတွက်ကိုပဲ Facebook က smile emoticon grin emoticon tongue emoticon အစရှိသဖြင့် အရုပ်ကလေးများ (emoticons) တို့ကို ပေးထားပါတယ်။ comment box ထဲမှာတောင် အသုံးပြုဖို့အတွက်ဆိုပြီး မကြာသေးမီကမှ Facebook အသစ် လုပ်ပေးထားပါတယ်။ ယင်း လက္ခဏာများကို ကိုယ်တင်တဲ့ Post တိုင်း၊ ပေးတဲ့ Comment တိုင်းမှာ ပေါပေါသီသီ အသုံးမပြုစေဖို့ အနောက်တိုင်းက User များက လက်ခံထားပါတယ်။ ယင်း လက္ခဏာများအား အလွန်အကျွံ သုံးစွဲခြင်းဟာ တစ်ဖက်ရဲ့ တင်ပြချက်ကို မလေးစားရာ၊ အခြား ထင်မြင်စရာ ပေးစွမ်းတာမျိုးကြောင့်လို့ ဆိုကြပါတယ်။ လက္ခဏာလေးများကို ဆင်ခြင် အသုံးပြုဖို့ဆိုပြီး အနောက်တိုင်းက user များက အကြံပြုထားကြပါတယ်။ ပြီးတော့လည်း ယင်း Emoticons နဲ့ ကွန်းမင့်ပေး တာများရင် Facebook က ဖြတ်တတ်ပြီး ပိုများလာရင် သတိပေးစာ ရောက်တတ်တယ် လို့ ဆိုပါတယ်။ ၈။ ဘာလုပ်လုပ် Facebook ပေါ်တွင် Update လုပ်ခြင်း ဒါလည်း မလုပ်သင့်ဘူးလို့ ဆိုပါတယ်။ ဥပမာ- အပြင်သွားလိုက်အုံးမယ်လို့ Update တင်လိုက်ခြင်းက အိမ်က သူခိုးလာဖို့ ဖိတ်ခေါ်တာနဲ့ အတူတူပဲ လို့ ဆိုပါတယ်။ ဘယ်သွားသွား၊ ဘာလုပ်လုပ် အားလုံးကို Facebook ပေါ်မှာ တင်နေရင်တော့ အကောင့်တင်မကပဲ မိမိနဲ့ ပတ်ဝန်းကျင် လုံခြုံရေးပါ ထိခိုက်လာနိုင်ပါတယ်။ ဓားပြတိုက်ဖို့အတွက် Facebook မှာ Status တင် လူစုတဲ့ ဖြစ်ရပ်ကြောင့်လည်း ထောင်ကျသွားတဲ့ ပေါက်ပေါက်ရှာရှာ ဖြစ်ရပ် မျိုးတောင် တကယ် ဖြစ်ခဲ့ပါတယ်။ ၉။ သတိထားဖွယ် ကွန်းမင့် ကွန်းမင့် Box ထဲမှာ Xxxxxxxxxx, baaaa, haaaaaa, အစရှိသဖြင့် ဘယ်မှာမှ ရှာလို့မရတဲ့ စာတွေ၊ အက္ခရာ အကြီးနဲ့ ရေးတဲ့စာတွေ (WOW, AMAZING, WHO IS HE?) အစရှိသဖြင့်တို့ကို ရှောင်ကြဉ်ရေးသား ရပါတယ်။ Facebook ကအဲဒီလိုစာများနဲ့ ကွန်းမင့်ပေးရင် သူ့အလို အလျောက် လိုက်ဖြတ်ပါတယ်။ အဲဒီလို ပေးပါများရင်တော့ Facebook က သတိပေးစာ ရောက်လာတတ်ပြီး ကံမကောင်းရင် အကောင့် လော့ကျ သွားနိုင်ပါတယ်။ ၁၀။ ရောက်လေရာ မစစ်ပဲ အကောင့်ဖွင့်ခြင်း ဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင်၊ ကွန်ပျူတာ တစ်လုံးပြီးမသုံး ဘာမှ မစစ်ဆေးပဲ မိမိ Facebook ကို Log in ဝင်တာမျိုးတွေက အလုပ်များကြပါတယ်။ Log in မဝင်ခင် ဝင်မယ့် Facebook ရဲ့  Welcome page, Address bar ကို သေချာစစ်ဆေးပြီး သေချာပြီဆိုမှ Log in လုပ်သင့်ပါတယ်။ အချို့ နေရာကျ Facebook ပုံစံ ဖန်တီးပြီး address အတုနဲ့ ခပ်ယောင်ယောင် လုပ်ထးတာမျိုး တို့ ရှိပါတယ်။ ဒါကြောင့် ဆိုင်မှာ စက်တစ်လုံး စဖွင့်ပြီ ဆိုရင် သူအလို အလျောက် ဖွင့်ပေးထားတဲ့ Page ကနေ ဝင်တာထက် ကိုယ်တိုင် Address bar ကနေ လိပ်စာ ရိုက်ပြီး ဝင်သင့်ပါတယ်။ အထက်ပါ ၁၀ ချက်ကို သိရှိနားလည် ကျင်သုံးတတ်မယ်ဆိုရင် မိမိအကောင့်ကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။