Sunday, August 16, 2015
အသက်မွေးဝမ်းကျောင်းပြုနိုင်မည့် ကွန်ပြူတာဆိုင်ရာ ဘာသာရပ်များ
အခြား ကွန်ပြူတာ ပရိုဂရမ် အသုံးချ အတတ်ပညာများ
၂၀၀၀ ခုနှစ်နောက်ပိုင်းမှ ရေပန်းစားလာတဲ့ ပညာတွေပေါ့။ သတိမထားမိကြဘူး။ Computer Animation ပိုင်းကို ကောင်းကောင်း ဆော့ကစားနိုင်သူများဟာ ဟောလိဝုဒ်မှာ ပညာရှင်အနေနဲ့ လုပ်ကိုင်နေကြပါတယ်။ သူက Application မှာ ကစားရတာလေ။ လက်စွမ်းထက်သလောက် 3D မှာနာမည်ရလာရင် စီးပွားရေးလုပ်ငန်းရှင်အထိတောင် ဖြစ်နိုင်ပါတယ်။ ပြီတော့ ရှိပါသေးတယ်။ Auto CAD, Graphic Desinger, ACCA ကွန်ပြူတာစာရင်းကိုင် အစရှိသဖြင့် ပြောမကုန်အောင် များပြားလှတဲ့ ပညာတွေ ရှိသေးတယ်နော။ အားလုံး သူ့နေရာနဲ့သူ ထူးချွန်ရင် မြောက်စားခံရမှာ အမှန်ပါပဲ။
အနှစ်ချုပ်
ကျနော်ပြောသားပဲ ကွန်ပြူတာပညာရပ်ဆိုတာ တကယ် ခပ်သောက်လို့မ ကုန်တဲ့ ပင်လယ်ကြီးပါ။ ဒါတောင် ချိတ်ဆက်မှု မပါသေး တယ်။ စက်မှုအင်ဂျင်နီယာ၊ လျှပ်စစ် အင်ဂျင်နီယာ၊ မက်ကယ်ထရောနစ် အင်ဂျင်နီယာ များက သင်္ဘောတွေ၊ ကားတွေ၊ လေယာဉ်တွေ၊ အခြား စက်ပစ္စည်းတွေကို ဖန်တီးတယ်။ ယင်း ဖန်တီးတဲ့ စက်ယန္တယားတွေ ကို မောင်းသူမဲ့လုပ်မယ်၊ စစ်လက်နက်ဆန်းတွေ တပ်ဆင်မယ်။ ဘာလုပ်မယ်၊ ဘာလုပ်မယ်။ အားလုံး ကွန်ပြူတာနဲ့ထိတွေ့ရတယ်။ ဒီတော့ သူတို့လည်း ကွန်ပြူတာကို ပြန်လေ့လာတယ်။ ကွန်ပြူတာ ပညာရှင်များလည်း ယင်းပညာတွေကို ပြန်လေ့လာရပါတယ်။ ဒီလိုပဲ ဆေးပညာမှာလည်း ကွန်ပြူတာတွေသုံးရတယ်။ ဒီအတွက် လည်း ဆေးပညာရှင်များ ဘက်ကလည်း ကွန်ပြူတာနဲ့ ဆိုင်ရာ ပြန်လေ့လာရတာတွေရှိပါတယ်။ ဒီတော့မှာ ပြီးပြည့်စုံတဲ့ ဓာတ်ခွဲခန်းတွေ ပေါ်လာတာလေ။ ပြောမယ်ဆို ကုန်တောင်ကုန်နိုင်မှာ မဟုတ်ဘူး။ ဆက်ရေးနေရင် ဒီလိုပဲ ကွန်ပြူတာနဲ့ဆိုင်ရာ ဘာာသာရပ်တွေ တစ်ခုပြီး တစ်ခုတိုးနေအုံးမှာပါ။
မှာချင်တာကတော့ဗျာ။ ကိုယ်က ဘယ်ပညာရပ်ကိုပဲ လိုက်စား၊လိုက်စား အကောင်းဆုံးဖြစ်အောင်လုပ်ပါ။ အချိန်နဲ့ ကိုယ်လုပ်နိုင်မယ့် အတိုင်းအတာ ကိုလည်း ပြန်တွက်၊ လိုင်းတော့မကြောင်စေနဲ့။ ဟိုဟာလည်းဖြစ်ချင်တယ်၊ ဒီဟာလည်း ဖြစ်ချင်တယ်၊ ဗျာက များနေရင် နောက်ဘာမှ ဖြစ်မလာဘူး။ အထက်က ပြသတဲ့ ဘာသာရပ်တွေအားလုံးကို စာဖတ်သူ တစ်ယောက် တည်း လုပ်နိုင်လို့လား။ စတိဗ်ဂျော့တို့၊ ဘီလ်ဂိတ်တို့တောင် မလုပ်နိုင်ပါဘူး။ သုံးခု၊ လေးခု လောက် လုပ်မယ်ဆိုရင် မတားချင်ပေမယ့် အဲ့ထက်ပို လာရင်တော့ မကောင်းတော့ပါဘူး။ Networking ပိုင်းသွားမယ်။ ပရိုဂမ်ပိုင်း လည်း ဆက်လေ့လာမယ်။ IT စီးပွားရေးလည်း အတွေ့အကြုံနဲ့ ယူသွားမယ်။ စနစ်လုံခြုံရေးပိုင်းလည်း ကူးမယ်။ ဒီလောက်ဆိုရင် ဖြစ်ပါသေးတယ်။ ဘာလို့လဲဆို အားလုံးက ဆက်စပ်နေတယ်လေ။ ဒီတော့ လိုင်းပူးချင် သပဆိုရင်လည်း အနီးစပ်ဆုံးလိုင်းတွေပဲ ပူးစေချင်ပါတယ်။
မမေ့အောင် ထပ်မှာချင်ပါသေးတယ်။ Team Work. ။ တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ network အင်ဂျင်နီယာ တစ်ယောက်တည်း ရှိလို့ မရဘူး။ ပရိုဂမ်မာပဲရှိလို့မရဘူး။ အားလုံး သူ့နေရာနဲ့သူ ရှိရတယ်။ ပြည့်စုံ ရတယ်။ ကိုယ်က မလုပ်နိုင်ရင် လုပ်နိုင်တဲ့သူကို လက်တွဲခေါ်။ ကိုယ်တတ်တဲ့ ပညာတွေကို ဆရာစားမကျန်ပြန်သင်ပေး။ ညီငယ်၊ညီမငယ်တွေကို သေချာ ဆုံးမ။ ကိုယ့်နိုင်တဲ့ ကဏ္ဍကနေပါဝင်လို့ အိုင်တီကွန်ရက်ကြီးတစ်ခုဖန်တီးရင် ဘာလို့တိုင်းပြည်က မတိုးတက်ရမှာလဲ။ ကျနော် သိထားသလောက် သူ့နေရာနဲ့သူ ပညာတွေတွေ ကိုယ်စီ ရှိနေပါတယ်။ အားလုံးကို စည်းလုံးစေချင်ပါတယ်။ နွားကွဲ ကျားဆွဲ တဲ့။ တစ်ယောက်တည်းတော်နေတာမျိုး၊ ထက်နေတာမျိုးတို့လည်း ရှိကြတယ်။ ပြည်ပရောက်သွားတယ်။ အချို့ ကျတော့လည်း ပြည်ပမှာ လုပ်ပါတယ်။ မြေတောင်မြောက်ပေးမယ့်သူ မရှိဘူး။ အရင်းအနှီးထုတ်ပေး တဲ့သူ မရှိဘူး။ အစရှိသဖြင့်ပေါ့။ စိတ်မပျက်ပါနဲ့။ ခုမှ တိုင်းပြည်က လမ်းပွင့်စ ရှိဆဲပါ။ အားလုံး ကိုယ်တတ်နိုင်တဲ့ ကဏ္ဍကနေကြိုးစားပေးကြပါလို့ AMCDC က တိုက်တွန်းရင်း နိဂုံးချုပ်လိုက် ရပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment