Sunday, August 16, 2015

Bluetooth ဆိုသည်မှာ

Bluetooth System ဆိုတာ ကွန်ပျုတာနဲ့ ခရီးဆောင် (မိုဘိုင်းလ်) စက်တွေအကြား အသံနဲ့ အချက်အလက်များကို အပို့အယူလုပ်ပေးတဲ့ စံသတ်မှတ်ချက် ဒါမှမဟုတ် ကြိုးမဲ့ နည်းစနစ်ကိုဆိုလိုပါတယ်။ အကွာအဝေး ဒါမှမဟုတ်ဧရိယာအားဖြင့် ၁ မီတာကနေ မီတာ ၁၀၀ ၀န်းကျင်အတွင်း ဖြစ်ပါတယ်။ အချက်အလက်များကို Megabit per sec နဲ့ ပို့ပါတယ်။ Personal Area Networks (PANs) အဖြစ် တည်ဆောက်ခြင်းဖြစ်ပြီး အချက်အလက် သယ်ဆောင်တဲ့ RS232 data cable တွေအစား ကြိုးမဲ့စနစ်အဖြစ် သုံးလာကြခြင်းဖြစ် ပါတယ်။ အစဦးမှာ Bluetooth အမည်ဟာ Code Name ဖြစ်ပေမဲ့ ယခုအခါ Bluetooth technology လို့ အများသုံးနေကြပါပြီး။ Bluetoot ဟာ ၁၀ ရာစနှစ်များက နာမည်ထင်ရှားခဲ့တဲ့ ဒိန်မတ် နဲ့ နော်ဝေနိုင်ငံဘုရင် Harald Bluetooth အမည်းကို သုံးထားတာပါ။ လိုဂိုကလည်း အဲဒီဘုရင်းရဲ့ H B ဆိုတဲ့ စာလုံးနှစ်လုံးကို သင်္ကေတထုတ်ထားတာပါ။

No comments:

Post a Comment