Sunday, August 16, 2015

Partition ဆိုသည်မှာ

ကွန်ပျူတာသုံး ဟာ့ဒ်တစ်လုံးတွင် အချက်အလက်များကို သိမ်းဆည်းရန် နရာခွဲခြားသတ်မှတ်ပေးခြင်းဖြစ်ပါတယ်။ ၄င်း ကို Logical hard disks များဟူ၍ လည်းရေးကြပါတယ်။ ဒီလိုခွဲခြားဖို့ရာ ၀င်းဒိုးစ်စနစ်က ကောင်းစွာလက်ခံပြီး အချက်အလက်များ ကို သိမ်းဆည်းရာမှာပိုပြီး စနစ်ကျတယ်လို့ဆိုနိုင်ပါတယ်။ ဥပမာအားဖြင့် ၀င်းဒိုးစနစ်နဲ့ အခြားဆော့ဖ်ဝဲလုပ်ငန်းရပ်များကို ဟာ့ဒ်ဒစ်တစ်ပိုင်းမှာထားပြီး နောက်တစ်ပိုင်းမှာ အချက်အလက် (data) များကို သိမ်းကြပါတယ်။ ဟာ့ဒ်စ် C: နဲ့ D: ဆိုပါတော့။ ဟာ့ဒ်ဒစ်ကို Format ချပြီး ၀င်းဒိုးစ်စန်စကို အသစ်ပြန်တင်မယ်ဆိုရင်လည်း အချက်အလက်ဖိုင်တွေ ကို D: မှာ သီးခြားထားတာဖြစ်လို့ မထိခိုက်နိုင်ပါ။ ဟာ့ဒ်ဒစ်ကို မိမိ စိတ်တိုင်းကျ အပိုင်းများစွာ ခွဲနိုင်ပါတယ်။ ဒါပေမယ့် နေ ရာကျဉ်းကျဉ်းလေးပေးပြီး ခွဲတော့ ဖိုင်သိမ်းတဲ့အခါ ဟာ့ဒ်စစ်အပိုင်းရှာရတာ အလုပ်ရှုပ်တာပေါ့ နောက်ပြီး Cluster များကိုလည်း အပြောင်းအလဲ ဖြစ် စေပါတယ်။ အချို့သော Partition ခွဲတဲ့ဆော့ဖ်ဝဲများသည် hard disk space နေရာကို maximum ဘယ်လောက် minimum ဘယ်လောက် သတ်မှတ်ပေးနိုင်တယ်ဆိုတာ ပြပေးတတ်ပါတယ်။ ကွန်ပျူတာဆင်တဲ့ ဆိုင်တွေက ဟာ့ဒ်ဒစ်ကို C: နဲ့ Dး ဆိုပြီး ၂ ပိုင်းခွဲပေး တတ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဟာ့ဒ်ဒစ်က Capacity မများဘဲ အပိုင်း များများ မခွဲသင့်ပါ။ နောက် C: ကိုနေရာဆတူ သို့မဟုတ် ပိုပြီး နေရာပေး သင့်ပါတယ်။ Partition အတွက် ၀င်းဒိုးစ်စနစ်ရဲ့ Administrative Tool > Computer Management > Disk Management မှာ လုပ်ဆောင်ချက်ပါပေမယ့် အများအားဖြင့် သီးခြားဆော့ဖ်ဝဲကို သုံးကြပါတယ်။ ထင်းရှားတဲ့ Partition ဆော့ဖ်ဝဲများက -Power Quest Partition Magic 8.0 -Diskeeper Professional v 8.0 - Paragon Partition Manager - Norton Partition Magic 8.0 များဖြစ်ကြပါတယ်။ အခြား ဆော့ဖ်ဝဲ အချို့မှာ Cute partition Manager, Partition Logic, SwissKnife, System -Rescue CD, Ranish Partition Manager, the partition Resizer, Diskman တို့ဖြစ်ကြပါတယ်။

No comments:

Post a Comment