Sunday, August 16, 2015

အသံပိုင်းနဲ့ ပတ်သတ်လို့ (Sound Driver) လိုအပ်နေသူများအတွက်............ အင်တာနက် မှာရှာဖွေနည်းကို..သိသလောက်မျှဝေပေးလိုက်ပါတယ်။

Internet မှာ Sound Driver ရှာကြရအောင် ၁။ CPU-Z ဆော့ဖ်ဝဲကို အသုံးပြုပါ။ ၄င်းကို Run ပြီး ဘယ်လို Motherboard အမျိုးအ စားလဲဆိုတာ မှတ်ပါ။ ၄င်းကို ကူယူပြီး၊ အင်တာနက် Google မှာ Sound Driver လို့ရိုက်ထည့်ပါ။ ၂။ Lavalys Inc: မှထုတ်လုပ်တဲ့ EVEREST Ultimate Edition ဆော့ဖ်ဝဲကို သုံး ကြည့်ပါ။ အဲဒီမှာ Multimedia အုပ်စုပါလို့ ကွန်ပျူတာမှာ သိလိုတဲ့ (audio) sound driver အမှန်တင်မထားရင် အ၀ါရောင် သင်္ကေတလေးနဲ့ ပြနေပါလိမ့်မယ်။ ၃။ တကယ့်လို့ မှုရင်း Sound Driver ကို ယခင်က တင်ထားခဲ့ရင် Control Panel/ Device Manager မှာ ဖွင့်ကြည့်နိုင်ပါတယ်။ အဲဒီမှာ Sound, Video and game contgrollers' အုပ်စုကို ကလစ်လုပ်ပြီး ထပ်ဖွင့်ပါ။ Driver အမှန်တင်မထားရင် အ၀ါရောင် သင်္ကေတလေးနဲ့ ပြနေပါလိမ့်မယ်။ ကျွန်တောတွေ့ဖူးသလောက် built-in sound driver များဟာ Realek AC97 အမျိုး အစားဖြစ်ပါတယ်။

No comments:

Post a Comment